Chapter - 12

8.4K 1.7K 119
                                    

ShuGuangအထက်‌တန်းကျောင်း ၀င်ပေါက်၌ဖြစ်သည်:

ဆုံးဆုံးမြုပ်ခံနီးနေပြီဖြစ်သည့် နေလုံးကြီးမှအလင်းတန်းလက်ကျန်တချို့ကသာ လမ်းမပေါ်ကိုဖြန့်ကျက်လျက်ရှိကာ မှောင်သည်နှင့်တစ်ပြိုင်နက် လမ်းမီးများက အလိုအလျောက်လင်းလာသည်။

"!"
ရန်းရီလဲ့မှာ အလန့်တကြားထခုန်မိသည်။
"အိုး၊ လမ်းမီးကိုး....."

"Mmh, မကြောက်နဲ့"
ရင်းချဲယ်မူကား ကျောင်းဂိတ်ပေါက်က ထွက်လာသူမှန်သမျှကို မမှိတ်မသုန်စူးစိုက်ကြည့်နေလေသည်။

ကောင်းကင်မှာ မှောင်သထက်မှောင်လာသည်ကြောင့် ရန်းရီလဲ့တစ်ယောက် ချီတုံချတုံဖြစ်လာသည်။
"ငါနဲ့အတူလိုက်လာပေးတာကျေးဇူးပါ.....ဒါပေမယ့် ညနေပိုင်း self-studyတန်းက စတော့မယ်မလား၊ မင်းမြန်မြန်မပြန်ရင် လောင်ရှီးနဲ့ အတန်းဖော်တွေကစိတ်ပူနေလိမ့်မယ်....ဒီနေ့အတွက်တော့ထားလိုက်ကြတော့မလားလို့...."

"ဘာမှမဖြစ်ဘူး၊ ငါ့ကိုစိတ်ပူမယ့်လူတစ်ယောက်မှမရှိတာမို့ ပူမနေနဲ့"

''......''

အဲ့လိုပြောမှကို ပိုပြီးစိုးရိမ်လာတာကွ
ရန်းရီလဲ့တွေးလိုက်သည်။

"သူက dayကျောင်းသားတစ်ယောက်ဆိုတာ မင်းသေချာလား?"
ရင်းချဲယ် မေးလာသည်။

"အင်း၊ ငါကျန်းခဲ့ဆီကကြားလာတာ"

"ဒါဆို ငါတို့ဆက်စောင့်ကြည့်ကြမယ်"

ရန်းရီလဲ့က ခေါင်းငြိမ့်ပြကာ သူ့နည်းတူ ဂိတ်ပေါက်၀ကိုလှမ်းကြည့်ရင်း တစ်ချိန်တည်းမှာလည်း ဘေးကလူကို တိတ်တဆိတ် ခိုးအကဲခတ်ရသေးသည်။

Class 1ထဲမှာ ရင်းချဲယ်ရဲ့ ဂုဏ်သတင်းက ဘယ်တုန်းကမှကောင်းသည်မဟုတ်၊ လူတွေအားလုံးက သူ့ကလူပေါင်းမဆံ့ဘူး ထူးဆန်းတယ်လို့ ပြောကြတယ်။ ရန်းရီလဲ့ကိုယ်တိုင်လည်း နဂိုက အဲ့လိုထင်ခဲ့တာဖြစ်ပြီး အိမ်စာလိုက်ကောက်သည့်အချိန်ကလွဲလို့ ကျန်တဲ့အချိန်စကားတစ်ခွန်းမှမပြောဖူးကြပေ။ ဒါပေမယ့် ဒီညမှာတော့ သူတို့နှစ်ယောက် တစ်နာရီကျော်လောက်အတူစောင့်နေကြပြီး စကားအနည်းငယ်လည်းအပြန်အလှန်ပြောဆိုခဲ့ကြသည်ကြောင့် အခုတော့ ရုတ်တရက် ရန်းရီလဲ့ခံစားလိုက်ရတယ် ရင်းချဲယ်က.....ကောလဟာ‌လတွေပြောသလိုကြီးလည်း ကြောက်စရာမကောင်းပါဘူးလို့။

Pay Attention To Me [Myanmar Translation]Where stories live. Discover now