Chapter - 78

7.7K 1.5K 121
                                    

omegaတွေအတွက် ပထမဆုံး heatကာလဟာ 18နှစ်မပြည့်မီ လအနည်းငယ်မှာ စတင်တတ်ကာ အဖျားခပ်ငွေ့ငွေ့ရှိခြင်း၊ pheromoneပမာဏအနည်းငယ် စိမ့်လျှံထွက်လာခြင်းနဲ့ အစပြုတယ်။ ထိုအနေအထားမျိုးမှာ ထိန်းချုပ်ဆေးသုံးပြီး သုံးနှစ်တာလောက် အချိန်ဆွဲထားနိုင်သလို alpha pheromoneကိုအမှီပြု၍ ဖိနှိပ်လို့လည်း ရတယ်။

ဒုတိယနည်းလမ်းကို ရွေးချယ်ခဲ့မယ်ဆိုလျှင်တော့ အသက်ပြည့်ဖို့ နီးလာတာနဲ့အမျှ အဖျားလက္ခဏာဟာ ပိုမိုထင်ရှားလာပြီး alpha pheromoneကို တောင့်တမှုကလည်း ပိုမိုပြင်းထန်လာလိမ့်မယ်၊ တရား၀င်heatကာလ ရောက်သည်အထိ alpha pheromoneနှင့် ပေါင်းစပ်ခြင်းကလွဲ အခြားနည်းလမ်းဖြင့် ဖြေရှင်းရမည်မဟုတ်ပေ။

‘‘မင်းရဲ့ heatက တခြားပုံမှန် omega‌ တွေနဲ့‌မတူတော့ ဘယ်လောက်ကြာပြီးမှ ပွင့်ထွက်လာမယ်မှန်း ငါလည်း မသေချာဘူး၊ ကြိုပြင်ဆင်ထားဖို့တော့သင့်တယ်”
ဒေါက်တာဖုန်းက ခပ်ဟဟရယ်ရင်း ဆိုတယ်။
‘‘ဒါပေမယ့် အားလုံးအဆင်ပြေသွားမှာပါ နှစ်ယောက်သားက ပြန်အဆင်ပြေသွားပြီဆိုတော့လေ ဟုတ်တယ်မလား? အဲ့ကလေးက လူကောင်းလေးပါ၊ သန်လည်းသန်မာ အားလည်းကောင်းမယ့်ပုံပဲ၊ သူ့ကို ရွေးသင့်တယ်၊ heat တရား၀င်ရောက်မလာခင် stress reaction disorderကို ပျောက်အောင်ကုလိုက်ကြ၊ မင်းတို့နှစ်ယောက် ပြဿနာရှိမှာမဟုတ်ဘူးဆိုတာ ငါယုံတယ်”

ကျန့်ယောင် : ‘‘ကျွန်တော့်တာ၀န်သာ ထားလိုက်ပါ ဒေါက်တာ!”

ရင်းချဲယ် : ‘‘.........”

..
ထိုမနက်မှာပဲ ကျန့်ယောင်တစ်ယောက်ကတော့ အတိုင်းသား ပျော်ရွှင်လို့နေပြီး ရင်းချဲယ်ကတော့ အတိုင်းသား စိတ်ပျက်လို့နေတယ်။

‘‘များများစား၊ ဒါမှ အာဟာရပြည့်အောင်” 
နေ့လည်စာစားစဉ်မှာ ကျန့်ယောင်က ပုစွန်တစ်ကောင်ကို ဂရုတစိုက် နွှာပေးပြီး ရင်းချဲယ်ပန်းကန်ထဲ ထည့်ပေးတယ်။

ကောကျစ်ရှုန်းက ခေါင်းတငြိမ့်ငြိမ့်နဲ့
‘‘ဟုတ်တယ် ချဲယ်ကော များများစားသင့်တယ်၊ မနေ့တုန်းကဆို ချဲယ်ကောဝုန်းဒိုင်းကြီး မူးလဲသွားလို့ ငါတို့အသေလန့်သွားတာ၊ ချဲယ်ကော လေ့ကျင့်ခန်းများများ မလုပ်ဘူးလား?”

Pay Attention To Me [Myanmar Translation]Where stories live. Discover now