Chapter - 77

7.8K 1.6K 159
                                    

အအေးခန်းရဲ့အရှေ့မှာပဲ သူတို့ တအောင့်ကြာတဲ့အထိ ဖက်ခဲ့ကြတယ်။ ကျန့်ယောင်က ခေါင်းကိုငုံ့ငုံ့လာပြီး သူ့ကိုနမ်းဖို့အကြိမ်ကြိမ် ကြိုးစားတယ်၊ သို့ပေမယ့် ဆိုင်ထဲမှာ လူတွေအများကြီး ရှိနေခြင်းကြောင့် မတတ်သာပဲ လူချင်းခွဲခဲ့ရတယ်။

ဒီနေ့အခြေအနေလေးက ကောင်းနေတာမို့ စားသောက်ပြီး ဗီလာလည်း ပြန်ရောက်ရော ကျန့်ယောင်က သူများတွေလမ်းလျှောက်ထွက်သွားတာကို အခွင့်ကောင်းယူကာ မရဲတရဲနဲ့ ပြန်တွဲကြဖို့အကြောင်းကို အစဖော်လာတယ်။

နောက်တော့ ဘာဖြစ်လဲ၊ ထပ်ပြီး အငြင်းခံရတာပါပဲ။

''မင်းငါ့ကို ဘယ်လိုကတိပေးထားလဲ?"
လွန်ခဲ့တဲ့တစ်နာရီလောက်က သူ့ရင်ခွင်ထဲ တိုးဝှေ့နေခဲ့တဲ့ ယုန်ကလေးက ချက်ချင်းကြီး ပြောင်းလဲသွားပါပြီ၊ သူ့မျက်၀န်းထဲက အကြည့်တွေက ''မင်းနဲ့တန်တယ် ထင်နေလား?"ဆိုတဲ့ အကြည့်မျိုးတွေ။

''....အင်းပါ၊ မင်းကို ကုသဖို့အတွက် ငါအကောင်းဆုံး ကြိုးစားမယ်၊ မင်းဘက်ကလည်း ငါ့ကိုအခွင့်‌အရေးတစ်ခုပြန်ပေး၊ ငါတို့ 12%မှာတင် ရပ်နေတာ တစ်ပတ်ကျော်လောက်ရှိပြီ၊ ဘယ်တော့ထပ်တိုးမှာလဲ?"

''အိမ်ပြန်ရောက်မှ"

''ဟုတ်ပါပြီဗျ"

ဘာမှမရှိတာထက်စာရင်တော့ အခွင့်အရေးလေး တစ်ခုဖြစ်ဖြစ်ရှိတာတော့ တော်သေးတယ်မလား။ ကျန့်ယောင်လည်း လွယ်လွယ်လက်ခံလိုက်တယ်၊ တစ်ချိန်တည်းမှာလည်း နှစ်ဦးကြားအဆင့်လေးတိုးတက်ဖို့‌အရေး ညကျ မိုးကြိုးမုန်တိုင်းတွေကျပါစေလို့ ဆုတောင်းနေမိတယ်။

ကံဆိုးတာက ကောင်းကင်ကြီးက သူ့ဆန္ဒအတိုင်း ပူးပေါင်းမပေးပါဘူး။ ညစာစားချိန်လေး ခနတဖြုတ်ကျပြီး တိမ်မဲတွေက လုံး၀ကိုပြယ်သွားတာပဲ၊ မြင့်မား၀င့်ကြွားစွာ တောက်ပနေတဲ့ လမင်းကြီးပဲကျန်ရစ်နေခဲ့ပြီး မိုးထပ်ရွာမယ့်ကိန်း နည်းနည်းမှ မရှိတော့ပေ။

ကောကျစ်ရှုန်းက ဘတ်စကတ်ဘောဘောလုံးတစ်လုံးယူလာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် ဗီလာဧရိယာနားမှာ ဘတ်စကတ်ဘောကွင်းလည်း ရှိနေတယ်။ သူက ထွက်ကစားဖို့ ကျိုးဟောက်လျန်ကို ခေါ်တယ်။ ရှောင်ရွဲ့ကတော့ သူ့ကောင်လေးနောက်သူလိုက်တာ မဆန်း၊ ချန်ရင်းရင်းကိုပါ ဆွဲခေါ်လာတယ်၊ အဲ့တော့ ဟန်မုန့်ကပါ ကပ်ပါလာတော့တယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now