Chapter - 112

7.4K 1K 27
                                    

မီးပိတ်ချိန်ကျော်သွားပြီဖြစ်တာတောင် အဆောင်အဆောက်အဦးအတွင်းကမူ ဆူညံလျက်ရှိနေဆဲ။

ဒီညက စီနီယာအထက်တန်းကျောင်းသားတွေအတွက် ရှားရှားပါးပါး အသက်ရှူချောင်ချိန် လွတ်လပ်ချိန်လေးမို့ စကားပေါချင်စိတ်တွေက မီးစညှိပေးလိုက်သလိုပဲ နေမှာပေါ့။

ဆူညံသံတွေက ဘက်ပေါင်းစုံကလာတာမို့ အကောင်းဆုံး အဖုံးအကွယ်ဖြစ်နေလေတယ်။

တချို့တချို့သော နားရှက်ဖွယ်ရာ အသံတွေအတွက် အဖုံးအကွယ်ပေါ့။

"ဖြည်းဖြည်း......"

ရင်းချယ်ရဲ့ အသံမှာ ကိုယ်ခန္ဓာအတိုင်းပဲ တုန်ရီလို့ထွက်လာတယ်။

ကျန့်ယောင်က တုံ့ပြန်မှုမရှိစွာ သူ့ကို ထောက်ကိုင်ထားတယ်။ ကျန်လက်တစ်ဖက်ကမူ ခြေချင်းဝတ်က အနီရောင်အမှတ်အသားလေးကို ဆုပ်ကိုင်ထားတယ်။ သူဟာ အဆုံးထိလှုပ်ရှားနေပြီး omega ရဲ့နွေးထွေးနူးညံ့တဲ့ အင်္ဂါရပ်ဖြစ်တဲ့ သားအိမ်ထဲထိ ဝင်ရောက်နေတယ်။

အခုတစ်ခေါက်က အရင်က အတွေ့အကြုံနဲ့ မတူဘူး၊ လုံးဝကွဲပြားတယ်။

သူဟာ ပါးစပ်ပေါက်ကြီးတစ်ခုဆီကနေ စုပ်ယူခံနေရသလိုမျိုးပဲ၊ စိတ်လွှတ်လိုက်မိတာနဲ့ အလုံးစုံမျိုချခံရမှာတောင် စိုးရတယ်။(T/n ကျန့်ယောင်အတွေးပါ)

သေစေနိုင်လောက်တဲ့ နေရာပင်

ရင်ခွင်ထဲက လူကမူ နှုတ်ခမ်းတွေကို ခေါင်းမာစွာ ဖိကိုက်ထားဆဲ၊ မျက်ဝန်းလေးတွေက ယုန်တစ်ကောင်လို နီရဲနေပြီး အရည်ကြည်လေးတွေ လဲ့လျက်ရှိတယ်။ လက်တို့က သူ့ရင်အုပ်ပေါ် တင်ထားပြီး ဘောလုံးလေးတစ်လုံးလိုပဲ ရင်ခွင်ထဲမှာ အပုံလိုက်လေးဖြစ်နေတယ်။ ခြေချောင်းတွေကလည်း ကုပ်ထားကာ တစ်ကိုယ်လုံးကလည်း တုန်ရီနေလေတယ်။

ဒီလောက်ချစ်ဖို့ကောင်းပြီး ဆွဲဆောင်နိုင်နေတဲ့ဟာ၊ ဒါတင်မက လူကို ဗြောင်းဆန်အောင်လည်း လုပ်နိုင်သေးတယ်။

ကျန့်ယောင်က သူ့ကို ပွေ့ချီလိုက်တယ်။ သို့သော် အိပ်ယာဆီကို မသွားပဲ ထို့အစား စာရေးစားပွဲဆီသွားကာ ရင်းချယ်ကိုအဲ့ပေါ်တင်ပေးတယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now