Chapter - 13

8.4K 1.7K 117
                                    

နောက်တစ်နေ့ နေ့လည်စာနားချိန်၌ Class 1စာသင်ခန်းမှာတော့ ပုံမှန်ထက်ပို၍ လန်းဆန်းတက်ကြွနေပေသည်။

''....ငါပြောပြတာထက်ကို ပိုမြန်တယ်၊ အခြေနေတွေက မဟန်တော့တာလဲမြင်ရော ရီလဲ့က 'သူ့ကိုထိခွင့်မပေးဘူး'ဆိုပြီး အော်ပြီးတော့ လက်ထဲက stun batonကိုကိုင်ပြီး ခေါင်းတည့်တည့်ကိုထိုးလိုက်တာပါဆို၊ အဲ့ဒီသောက်မျိုးမစစ်ကောင်လည်း လဲကျသွားရော.....''
ကျန်းခဲ့ကအားရပါးရပြောပြနေတော့ တံတွေးတွေလည်း စင်ထွက်လာရော။

ချန်ရင်းရင်းက စိတ်ပျက်စွာ အနောက်ကိုဆုတ်လိုက်ပြီး မျက်နှာကိုသုတ်လိုက်သည်။
''တကယ်ကြီးလား? ရီလဲ့ နင့်ကို အရမ်းသန်မာပြီး ရဲရင့်လိမ့်မယ်လို့ ငါဘယ်တုန်းကမှထင်မထားခဲ့ဘူးရော်"

ရန်းရီလဲ့ကတော့ ရှက်သွေးဖြာနေလေပြီ။
''မ-မဟုတ်ပါဘူး၊ ကျန်းခဲ့က တအားတွေချဲ့ကားပြောနေတာရယ်၊ အဲ့တုန်းက ရင်းချဲယ်ထိခိုက်မှာကိုတွေးပြီးတော့ ဒေါသတကြီးပြေး၀င်သွားလိုက်တာပါ၊ ဒါမယ့် အခုမှပြန်စဥ်းစားကြည့်တော့ ရင်းချဲယ်ကသန်မာတယ်လေ ငါ့အကူညီကို သူကဘာလို့လိုမှာလဲ? ငါကသက်သက် သူများတွေကိုပြဿနာဖြစ်အောင်ရှုပ်လိုက်သလိုပဲဖြစ်သွားတာ.....''

ကျန်းခဲ့က လက်ရမ်းပြကာ :
''ဘယ်ကသာ!ငါဖြင့် မင်းသူ့ကိုနည်းနည်းလောက်ထပ်ပြီး ရှော့တိုက်လိုက်ရမှာလို့တောင် တွေးနေတာ၊ သူ့ကို တစ်ဘ၀လုံးစာ ပြန်မထူထောင်နိုင်တော့တဲ့အထိလေ၊ မဟုတ်ရင် အဲ့ဒီ လူယုတ်မာကောင်ကို အလွယ်လေးလွှတ်ပေးလိုက်သလိုဖြစ်သွားမယ်"

ချန်ရင်းရင်းလည်း ထပ်ပြောလိုက်သည်။
''ငါလည်းထောက်ခံတယ်"

''မရဘူးလေ....ကျန့်ယောင်လည်း ပြောတယ် သူ့ကို အကြာကြီးရှော့တိုက်လိုက်ရင် သေသွားလိမ့်မယ်တဲ့.....''

''သူက မင်းကိုလိမ်ပြောတာ၊ stun batonဆိုတာ ခုခံကာကွယ်ဖို့အတွက်သုံးရတာလေ၊ ဘယ်လိုလုပ်အဲ့လောက် အန္တရာယ်များနိုင်ပါ့မလဲ?''
ကျန်းခဲ့ ပြောသည်။
''ဒါပေမယ့်နော် ကျန့်ယောင်က ကိစ္စတွေကိုင်တွယ်ဖြေရှင်းတာတော့ တကယ်ကိုတွေးတောတတ်ပြီးစေ့စပ်တယ်၊ စာအုပ်တစ်အုပ်ကို အဖုံးကိုပဲကြည့်ဆုံးဖြတ်လို့ မရဘူးဆိုတာ ဒါပဲ....''

Pay Attention To Me [Myanmar Translation]Where stories live. Discover now