Chapter - 71 (part 1)

7.6K 1.4K 62
                                    

ဒေါက်တာဖုန်းကတော့ အထင်လွဲစရာတွေအားလုံးကို ကြေပဖို့ ဖြစ်ကြောင်းကုန်စင် အကျိုးဆက်ကအစ မခြွင်းမချန် သူတတ်နိုင်သလောက် အစွမ်းကုန် ရှင်းပြရှာတယ်။ ပြီးချိန် လက်ပတ်နာရီကို တစ်ချက်ကြည့်တော့ ဆယ်‌နာရီတောင်ထိုးရော့မယ်။

‘‘တခြားလူနာနဲ့ appointmentရှိသေးလို့ ဒီမှာဆက်နေလို့‌တော့ မဖြစ်တော့ဘူး၊ ဒါမယ့် မစိုးရိမ်ပါနဲ့ မင်းမိဘတွေဆီ ငါအကြောင်းကြားပြီးပြီဆိုတော့ သူတို့လည်း လမ်းမှာ‌လာနေကြပြီ၊ ခနနေလောက်ဆို ရောက်ရောပေါ့၊ တစ်ခုခုလိုတယ်ဆို ငါ့ကိုအချိန်မရွေး လှမ်းခေါ်လိုက်၊ နောက်ရက်ကျရင်တော့ ငါ‌ဒီမှာနေပြီး ကြည့်‌ပေးမယ်”

ရင်းချဲယ်က အဖြူရောင်လိုက်ကာကြီးကိုပဲ အကြာကြီး စိုက်ကြည့်နေတယ်။ မျက်လုံးတွေ နာပြီး ‌ဖောင်းအစ်နေသလိုခံစားရတာမို့ ပွတ်လိုက်တယ်။
‘‘ဟုတ်ကဲ့ပါ”

ဒေါက်တာဖုန်း အခန်းထဲကထွက်သွားတော့ ဆေးရုံအခန်းလေးထဲမှာ လူတစ်ယောက်တည်းသာ တိတ်ဆိတ်ငြိမ်သက်စွာ ကျန်ရစ်ခဲ့လေတယ်။

...

အပြင်မှာတော့ နေရောင်ဟာ အရိပ်ရအပင်ကြီးတွေပေါ် ဖြာကြနေတယ်။ ရွက်ကြွေတွေ သစ်ကိုင်းတွေနဲ့ အပွင့်ကြွေတွေကတော့ လှည်းထုတ်ပြီးသားမို့ မနေ့ကမိုးဒဏ်ရဲ့ အစနတောင် မတွေ့ရတော့ပေ။

ရင်းချဲယ် လက်တစ်ဖက်နဲ့ လည်ဂုတ်ပေါ်ကအမာရွတ်ကို ခပ်ဖွဖွထိကြည့်တယ်။

မ‌နေ့ညက သူအကိုက်ခံရတဲ့ဒဏ်ရာက ပိတ်သွားပြီ။ အခုဆို သူ့ကိုယ်က ကျန့်ယောင် pheromoneတွေနဲ့ ပြည့်နေလောက်ပြီ၊ အဲ့ဒါကြောင့်လည်း သူ အဖျားနည်းနည်းရှိနေတာ။

ပြောရရင် အဲ့ဒီ alpha pheromoneတွေကပဲ သူ့ကို ဘ၀အသစ်ပေးခဲ့တာပေါ့။

‘‘အရင်ကုသမှုကလမ်းလွဲနေတယ်ဆိုတာ မင်းရဲ့ကောင်လေးကိုငါပြောပြလိုက်မိတယ်”
စောစောက ဒေါက်တာဖုန်းရဲ့ စကားတွေက သူ့နားထဲ တဝဲလည်လည်။
‘‘မင်းရဲ့ pheromoneတွေကို လှုံ့ဆော်ဖို့အတွက်က အရင်ကအဖြစ်ပျက်ကို ပြန်ဖန်တီးယူဖို့ တကယ်လိုအပ်တာ ဆိုပေမယ့်လည်း အဲ့ဒီကုသအောင်မြင်တဲ့ caseနဲ့ မင်းရဲ့ caseက အနေအထားတွေ ကွာတယ်၊ ထပ်ဖန်တီးဖို့လိုအပ်တာက.....ရှင်သန်လိုတဲ့ ဆန္ဒမဟုတ်ဘူး”

Pay Attention To Me [Myanmar Translation]Where stories live. Discover now