Chapter - 18

8.4K 1.7K 151
                                    

သောကြာနေ့, အားကစားပွဲနေ့၌ဖြစ်သည် :

ကျန့်ယောင်တစ်ယောက်ကမူ ခုနစ်နာရီခွဲသည်အထိမထသေး။ နောက်မှ ကပျာကယာနဲ့ မျက်နှာသစ်သွားတိုက်ကာ အရှေ့ဆံမြိတ်တွေကို သပ်ချလို့ ကိုင်းအနက်ရောင်နှင့်မျက်မှန်လေးကိုကောက်တပ်လိုက်သည်။ ဤသို့နှင့် သူဟာ သာမန်ရွက်ကြမ်းရည်ကျိုမျှယောက်ျားလေးတစ်ဦးအဖြစ် အသွင်ပြောင်းလိုက်သည်။

သူ့အခန်းတခါးကိုပိတ်နေတုန်း ထိုင်ခုံဖော်လေးနှင့်လာဆုံနေသဖြင့် နှုတ်ခွန်းဆက်လိုက်သည်။
‘’မောနီး မင်းလည်း ခုမှနိုးတာလား?”

‘’ငါမေ့နေခဲ့တာရှိလို့ ပြန်လာယူတာ၊ လူတိုင်းကို မင်းလိုများမှတ်နေလား?”

နေ့သစ်တစ်နေ့၊ အကြင်နာမဲ့မှုအသစ်တစ်မျိုး

သူအတန်းထဲရောက်ချိန်မှာတော့ လောင်ဝူက ကြေညာချက်တချို့ပြောနေလေတယ်။ စပီကာမှတစ်ဆင့် ကျန်းကျောင့်ကျူးမှာလည်း အခန်းတိုင်းကကျောင်းသားများကို အားကစားကွင်းဆီလာခဲ့ဖို့ ဆော်သြနေတော့သည်။ First High အားကစားကွင်းမှာ ပွဲကြည့်စင်ခုံတန်းများမရှိတာကြောင့် ကျောင်းသားတွေအနေနဲ့ အခန်းထဲက ထိုင်ခုံတွေကို အားကစားကွင်းထဲကကိုယ့်အတန်းသတ်မှတ်နေရာကိုယ် သယ်သွားဖို့လိုလေသည်။ 

Class 1မှာ စာသင်ဆောင်၏အလယ်ထပ်တွင်တည်ရှိသောကြောင့် အထက်တွင်လည်း အတန်းများရှိကာ အောက်ထပ်တွင်လည်း ခုံထုတ်လို့မပြီးသေးသည့်အတန်းများရှိလေသည်။ ထိုသို့နှင့် လှေကားထိပ်တွင်တော့ သူတို့တစ်လက်မပင်မရွေ့နိုင်ပဲ တစ်ဆို့နေတော့သည်။

ကျန့်ယောင်က သူ့ထိုင်ခုံကို အောက်ချလိုက်ပြီး ထိုအပေါ်တက်ထိုင်လိုက်တော့သည်။
‘’ချဲယ်ချဲယ်၊ ငါနဲ့လာထိုင်လှည့်၊ ညနေပိုင်းလက်ဆင့်ကမ်းကျ ငါတို့ပထမရအောင်လို့ အင်အားတွေကိုချွေတာစမ်းပါ”

ရင်းချဲယ်က‌တော့ သူ့ကိုလုံးလုံးမျက်ကွယ်ပြုထားလေသည်။

ဟန်မုန့်က သူတို့နှစ်ယောက်ကြားဆက်ဆံရေးကိုကြည့်ကာ သဘောတကျ။ အရင်တစ်ခေါက်က ရင်းချဲယ်ဘက်ကအရင် သူ့ကိုစကားစပြောခဲ့ခြင်းကြောင့် ထိုသူ့အပေါ်သူ့အမြင်မှာ အနည်းငယ်ပြောင်းလဲသွားပေသည်။ သူရဲရဲရင့်ရင့် ၀င်ပြောလိုက်မိသည်။
‘’ကျန့်ယောင် မင်းမရှက်ဘူးလား? betaတွေတောင် မထိုင်ပဲနဲ့’’

Pay Attention To Me [Myanmar Translation]Where stories live. Discover now