Chapter - 5

10.1K 1.8K 175
                                    

မိုးသက်လေပြင်းမှ ရုတ်တရက် တိုက်ခတ်လာပြီး အတန်ပင် ပြင်းထန်ပါ၏။ တစ်ခနချင်းအတွင်းပဲ အပြင်ဘက်တွင် မိုးတွေတဝေါဝေါကျလာပြီး မိုးခြိမ်းသံတွေတစ်ဂျိမ်းဂျိမ်းနှင့် လျှပ်စီးသံတွေလည်း ပါသေးသည်။

ကျန့်ယောင်‌ လေသာဆောင်ဘက်မှ လေပြင်းကြားတွင် ဂျင်ကလည်ကဲ့သို့လုံးလိုက်လည်လိုက်ဖြစ်နေကာ အလုံးစုံစိုစွတ်နေပြီဖြစ်သည့် သူ၏အင်္ကျီလေးအားမြင်သည့်အခါမှာတော့ သွားရုတ်ဖို့ အတွေးအား လက်လျှော့လိုက်တော့သည်။

သူ ရေမိုးချိုး သွားတိုက်ကာ video callပြောဖို့ အိပ်ယာပေါ်လှဲလိုက်သည်။

တစ်တီတီမြည်သံအချို့ကြားရပြီးနောက် တစ်ဖက်လူမှ ဖုန်းဖြေလာသည်။
"ကောကော!"

အသံလေးမှာပျားသကာလေးသို့နှယ် သူ၏နှလုံးသားအား အရည်တောင်ပျော်ကြစေလောက်သည်။
"ရှောင်ရို့၊ ဘာတွေလုပ်နေလဲ?'

ကျန့်ယောင်ဒယ်ဒီနှင့် ပါပါးမှမွေးသော ၀မ်ရှောင်ရို့ဆိုသည့် သူ၏ညီမငယ်လေးမှာ အားလုံးရဲ့အချစ်ခံ ပန်းကလေးလိုနူးညံ့သည့် omegaလေး၊ ကမ္ဘာပေါ်မှာ အကာကွယ်ထိုက်ခံဆုံး omega လေးတစ်ယောက်ဖြစ်လေတယ်။

-----အထက်ပါ မှတ်ချက်များအားလုံးဟာတော့ ကျန့်ယောင်ကိုယ်တိုင်ဆီကပဲဖြစ်လေ၏။ ပြီး‌တော့ သူ့ရဲ့ညီငယ်များအားလုံးသည်လည်း ထိုအကြောင်းကို သိရှိထားရပါသည်။(T/n ညီငယ်ဆိုတာ သူ့အဖွဲ့လက်အောက်က အပေါင်းအသင်းတွေပြောတာပါ)

ကျောက်ချန်တစ်ကြိမ်ထက်မနည်း သူ့ကို သတိပေးခဲ့ဖူးပါ၏၊ ဒီလို မှတ်ချက်မျိုးဟာ Dong Chengကျောင်းလူဆိုးဖြစ်တဲ့သူ့၏တိုက်ခိုက်စွမ်းကို အဟန့်အတားတစ်ခုဖြစ်သွားလိမ့်မည်ဟု။ သို့သော်ငြား ကျန့်ယောင်ဟာ siscon(ညီမဖြစ်သူကို သဲသဲလှုပ်လွန်းသူ)မို့ အစကတည်းက ထိုအရာကို ဖုန်းကွယ်ဖို့ရာမဖြစ်နိုင်။

တစ်ကြိမ်ကဆို ကျန့်‌ယောင်ဟာ လမ်းပေါ်မှာ လူတစ်စု၏တားဆီးခံလိုက်၏။ နှစ်ဦးနှစ်ဖက်မှာ စပြီးတိုက်ခိုက်ရန်အဆင်သင့်‌ဖြစ်နေကာ မြင်ရသူအဖို့ ကြောက်လန့်စရာ ရင်ဖိုစရာပင်။ ရန်ပွဲသည်စတင်မည်ပြုချိန်မှာမှ ကျန့်ယောင်ကား ရုတ်တရက်ရပ်တန့်ဖို့ ပြောလာပြီး သူ၏ကုတ်အင်္ကျီအတွင်းဘက်အိတ်ကပ်ထဲသို့ တစ်စုံတစ်ခုယူသည့်နှယ် နှိုက်လေ၏။

Pay Attention To Me [Myanmar Translation]Where stories live. Discover now