Chapter - 11

8.2K 1.7K 33
                                    

နောက်တစ်နေ့ညတွင်တော့ ရန်းရီလဲ့ပြဿနာမှာ ငြိမ်ကျသွားသယောင်၊ သို့သော်လည်း ဒါဟာ အပေါ်ယံတွင်သာ။

Class 1ကတော့ စည်းလုံးညီညွတ်နေစမြဲပင်၊ အတင်းပြောသူများ စပ်စပ်,စပ်စပ်လုပ်ချင်သူများရှိပေမယ့်လည်း ချန်ရင်းရင်းရဲ့ လွှမ်းမိုးမှုအောက်မှာ ဘယ်သူကမှ ထင်ရာလျှောက်မပြောရဲကြ။ ဒါပေမယ့်လည်း အခန်းပြင်ထွက်သွားလိုက်သည်နှင့်တစ်ပြိုင်နက် တီးတိုးပြောသူတွေ လက်ညှိုးထိုးသူတွေကတော့ နေရာတိုင်းမှာ ရှိနေတာပင်။ မဟုတ်မမှန်သတင်းတွေပိုပျံ့လေ လူတွေက ထိုအရာကိုအမှန်တရားလို့ ယူဆလာကြပြီး ထပ်ဖြန့်လေ မသိတဲ့သူမရှိနိုင်အောင်ကို ဖြစ်သွားတယ်။

ယနေ့ သင်္ချာအတန်းချိန်မှာတော့ စာမေးပွဲလေးစစ်တယ်၊ အဖြေလွှာတွေစစ်ပြီး ပြန်ရောက်လာချိန်မှာ ရန်းရီလဲ့ဟာ ပထမဆုံးအကြိမ် မကျစဖူးကျလေတယ်။

ချန်ရင်းရင်းသူ့ကို နှစ်သိမ့်လိုက်သည်၊
''ကိစ္စမရှိပါဘူး၊ လောလောဆယ်က မင်းမှာအဆင်မပြေဖြစ်သွားတယ်မလား၊ လူတိုင်းမှာ အဲ့လိုရှိတာပဲလေ၊ ဒါက စာမေးပွဲကြီးလည်းမဟုတ်ဘူး စိတ်ထဲထားမနေနဲ့"

ရန်းရီလဲ့က ''mhm"ဟုသာ တိုးညှင်းညှင်းအသံပြုကာ ဘာမှထပ်မပြောတော့။ သူက အဖြေစာရွက်ကို ယူပြီး သူ့အဖြေအမှားတွေကို အသေအချာပြန်ကြည့်နေလေတယ်။ သူနားမလည်တာတစ်ခုတွေ့လာရင် မေးခွန်းစာရွက်ကိုယူပြီး ဆရာမဆီကို ရုံးခန်းထဲသွားမေးတယ်။

ကျောင်းဆင်းချိန်ရောက်တော့ ကျန့်ယောင် အကြောဆန့်ပြီး သူ့လက်ကြီးကြီးနဲ့ရမ်းပြရင်း :
''ချဲယ်ချဲယ် ၊ ဒီညအပြင်ထွက်စားချင်လား? ကောကမင်းကိုကျွေးမယ်လေ"

ဒါကို ကျန်းခဲ့ကြားချိန်မှာတော့ စာသင်ခန်းအ‌‌ရှေ့ဆုံးတန်းကနေ နောက်ဆုံးတန်းဆီကို ပြေးလာတယ်။
"ဘာကြီး? အပြင်ထွက်စားမလို့လား? ဘယ်မှာလဲ?"

ကျောင်းဆင်းချိန်ကနေစလို့ ညနေပိုင်း self-studyတန်းစတဲ့အချိန်အထိ အဲ့ဒီကြားအချိန်တွင်း အဆောင်နေကျောင်းသားများမှာ စိတ်ရှိသလိုသွားလို့လာလို့ရလေတယ်။ ထိုအချိန်က တစ်နေ့လုံးရဲ့ အလွတ်လပ်ဆုံးအချိန်ပေါ့။ ကျောင်းအရှေ့ဘက်က စားသောက်ဆိုင်ငယ်လေးတွေမှာ နေ့စဥ်နေ့တိုင်းကျောင်းကန်တင်းက ဟင်းကိုပဲ ထပ်ခါထပ်ခါစားရတာငြီးငွေ့နေတဲ့ ကျောင်းသားတို့အတွက် 'လာပါလာပါ'လို့ လက်ယက်ခေါ်နေသယောင် အထူးကိုဆွဲဆောင်နေလေတယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now