Chapter - 97

6.3K 1.2K 72
                                    

နှစ်သစ်ကူးနေ့မှာ ကျောင်းသုံးရက်ပိတ်တယ်။ အထက်တန်းကျောင်းသားတွေအတွက်လည်း နောက်ဆုံးတော့ အသက်ရှူချောင်သွားတာပေါ့။

သို့ပေမယ့်လည်း ဆရာတွေက အိမ်စာတွေနင်းကန်ပေးတော့ မပိတ်တာကမှ ကောင်းသေးတယ်လို့ တွေးမိကြတယ်။

ညနေပိုင်းအတန်းပြီးတော့ ရင်းအိမ်တော်က ဒရိုက်ဘာက ရောက်နှင့်နေပြီ။ ရင်းချယ်လည်း ကားထဲဝင်ထိုင်လိုက်တော့ ရင်းဇယ်က သူ့ကိုတစ်ချက်လှမ်းကြည့်တယ်။
"ကောကို အိမ်မပြန်တော့ဘူး မှတ်နေတာ"

"နှစ်သစ်ကူးတော့ ပြန်ရမှာပေါ့"

"ကောင်လေးနဲ့များ မခွဲနိုင်ဘူးလားလို့လေ"

"အားဇယ်ကရော ကောင်မလေးနဲ့ မခွဲနိုင်လို့လား?"

"ငါက ၁ရက်နေ့ ချိန်းထားတယ်"

"အာ အဲ့လိုကိုး"
ကျန့်ယောင်ကို သူ မပြောခဲ့ရဘူး၊ ဒါပေမယ့် သူ့ဘက်ကလည်း စပြီးမကမ်းလှမ်းချင်ပြန်ပေ။

သူက ကျန့်ယောင်လိုမျိုး အကုန်ပြောထွက်တဲ့ လူမျိုးမဟုတ်ပေ။ ပိတ်တာမှ သုံးရက်လေးကို ဒိတ်ကြရအောင်ဆိုရင် အရမ်းတွယ်ကပ်သလို ဖြစ်နေလိမ့်မယ်။

ရင်းဇယ်က သူ့ကိုတစ်ချက်လှမ်းကြည့်ကာ သဘောပေါက်သွားတော့
"ကောက တခါတခါကျ တကယ် တအားကိုလေးတာပဲ"

"Mhm"

"ကျောင်းမှာ ကောအပေါ် သူများတွေ အမြင်က ပိုပိုဆိုးလာပြီ အဲ့ဒါသိရဲ့လား?"
ရင်းဇယ်က ပြောတယ်။
"မနေ့က သူများတွေပြောနေတာ ငါကြားခဲ့သေးတယ် ကောက အတန်းဖော်တစ်ယောက်ကို ခေါင်မိုးထပ်ခေါ်သွားပြီး ငိုအောင်အနိုင်ကျင့်ခဲ့တယ်တဲ့ ကျန့်ယောက်က လာပြီးဖြန်ဖြေပေးလို့သာတဲ့"

ရင်းချယ်က ရယ်တယ်။
"အဲ့ဒါတွေက သူတို့ပါးစပ်ထဲက ကောလဟာလတွေပါ"

"ကောလဟာလဆိုတာ ငါကသိတယ်လေ၊ ဒါပေမယ့် တခြားလူတွေက သိပါ့မလား? သူတို့က ကောကို ကောလဟာလတွေကနေပဲ သိကြရတာ၊ ကောရှင်းပြတောင် သူတို့ကယုံမှာမဟုတ်ဘူး၊ လူတွေက ကောကို မနာလိုနေကြတာ"

"မနာလိုတယ်? ကျန့်ယောင်ကြောင့်လား"

"သူ့ကြောင့်တင်မဟုတ်ဘူး ရုတ်တရက်ကြီး အဆင့်တက်လာတာတွေရော မိသားစုနောက်ခံကြောင့်ရော သူတို့ဘယ်လောက်ကြိုးစားကြိုးစား မရနိုင်တာတွေကို ကောက လွယ်လွယ်လေးရထားတာလေ၊ ဘယ်မနာလိုပဲ နေပါ့မလဲ?"

Pay Attention To Me [Myanmar Translation]Where stories live. Discover now