Chapter - 40

7.8K 1.7K 134
                                    

“အဲ့လိုမျိုးပြောချင်တာမဟုတ်ဘူးလေ...”
ကျန့်ယောင်က မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ထားရင်း နားရွက်များမှာတော့ နီရဲလျက်ရှိသည်။
“F*ck ငါဘာတွေပြောနေမိတာလဲ?”

သူ့ဘာသူပြောပြီး သူ့ဘာသူတစ်ယောက်တည်းရှက်နေတော့သည်။

ကျန့်ယောင်က ထင်မှတ်မထားလောက်အောင် ဖြူစင်ရိုးသားပြီး အရှက်လည်းသည်းတတ်ကြောင်း ရင်းချဲယ် တွေ့လိုက်ရသည်။

သူပါးစပ်ဟလိုက်တိုင်း ကျောင်းသားကောင်းတစ်ယောက်လို ဖြစ်မနေရုံတစ်မယ်သာ။

၂၄ တွက်ချက်နည်းဂိမ်းကို စတင်ကစားကြသည်။ ရင်းချဲယ်က ဟွမ်ကျွင်းတို့အဖွဲ့ဘက်ဝင်လိုက်ပြီး ကျန့်ယောင်နဲ့ဆန့်ကျင်ကစားသည်။

“မင်းတို့ကို သုံးပွဲအသာပေးရမလား?”
ကျန့်ယောင်က ကိုယ့်ကိုယ်ကိုအထင်ကြီးလျက်ပြောသည်။

ကျောက်ချန်ကတော့ ဝင်တားရှာသည်။
“ဘာလုပ်တာလဲ ယောင်ကောရာ ဘက်မလိုက်ပါနဲ့”

“မျှတပြီးသားလေ သူတို့ကိုတန်းပြိုင်လိုက်ရင် ချက်ချင်းရှုံးသွားမှာပေါ့”

ရင်းချဲယ်နှုတ်ခမ်းတွေဟာ အထက်ကိုယောင်ယောင်လေး ကော့တက်သွားသည်။
“အတည်ကစားလိုက်ရင် မင်းရှုံးမှာကြောက်နေတာမလား?”

ကျန့်ယောင်မျက်ဝန်းတွေက တောက်ပသွားပြီး သူ့ကိုပြုံးပြုံးကြီးနှင့် သွားတွေဖြဲပြကာ :
“မင်းဘာပြောလိုက်တယ်?”

ကျောက်ချန်မှာ စိတ်လှုပ်ရှားလာသည်။
“ယောင်ကောရေ စိတ်လှုပ်ရှားစရာကောင်းလိုက်တာ၊ ပွဲကောင်းတစ်ပွဲကြည့်ရတော့မှာပဲ!”

ရင်းချဲယ်က ဖဲချပ်လေးချပ်ကို မှောက်လျက်ပစ်ချလိုက်ပီး
“ပထမဆုံးတွက်နိုင်တဲ့သူက အနိုင်၊ ပွဲ ၂၀”

“ကောင်းပြီလေ၊ ရှုံးရင်ပြစ်ဒဏ်ကရော?”

“ငါ့မှာတော့ ဘာရယ်လို့မရှိဘူး၊ မင်းကြိုက်တာဖြစ်လို့ရတယ်”

သူသေချာပေါက်နိုင်မယ်လို့ အတပ်တွက်ထားကြောင်း အတိုင်းသား။

ဟွမ်ကျွင်းက သူ့ကိုလက်မထောင်ပေးကာ :
”ချဲယ်ကောက တယ်မိုက်တယ်‌ဗျာ!”

Pay Attention To Me [Myanmar Translation]Where stories live. Discover now