Chapter - 96

6.4K 1.1K 57
                                    

တစ်ရက်တာ ကုန်ဆုံးပြီးနောက်တွင်တော့ Class 1 ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ရှောင်ပါ့လေး(ကျောင်းလူဆိုး)က ရွှယ်ပါ့လေး(hyper)အဖြစ်ပြောင်းလဲသွားတာကို လက်ခံလိုက်ရတော့တယ်၊ သို့ပေမယ့် တခြားကျောင်းသားတွေရဲ့အတွေးကတော့ သူတို့တွေးသလို ဟုတ်မနေခဲ့ပေ။

ကျောင်းရဲ့ဖိုရမ်မှာတော့ မေးခွန်းပေါင်းများစွာ၊ အားလုံးက ရင်းချယ်ကိုချည်း ဦးတည်နေပြီး သူက ခိုးချလို့သာ၊ သူ့ညီရဲ့အဖြေလွှာကို အနောက်ကနေ ခိုးကြည့်လို့သာ ရတာ စသဖြင့်ပြောဆိုနေကြတယ်။ တချို့ကဆို ရင်းအိမ်တော်ရဲ့ အဆက်အသွယ်ကြောင့် အခုလိုရတာလို့တောင် ပြောနေကြတယ်။

"ကျောင်းကတောင် record ပြန်စစ်ပြီး အသိအမှတ်ပြုပြီးပြီကို၊ ဒီလူတွေက ဘာသံသယဝင်နေတာလဲ?"
ကျန့်ယောင်ကတော့ ဆက်ပြီးသည်းမခံနိုင်တော့တာကြောင့် ကျောက်ချန်နဲ့သူ့ရဲ့ရွှယ်တိတွေကို ဖုန်းဆက်ပြီး ပို့စ်တွေအကုန် ဖြုတ်ချခိုင်းလိုက်တယ်။

"အစကတည်း ငါ့အကြောင်းက ကောင်းနေတာမှမဟုတ်တာ ဒါပုံမှန်ပါပဲ"
ရင်းချယ်ကတော့ ဂရုမစိုက်ပဲ စာဆက်လုပ်နေတယ်။

ဒီနေ့ညက ကျောင်းမှာ ပါတီပွဲရှိတယ်။ ပထမနှစ်နဲ့ဒုတိယနှစ်ကျောင်းသားတွေက ကျောင်းဝင်းထဲမှာ ပွဲကျင်းပနေကြတယ်။ တတိယနှစ်တွေကတော့ စာလုပ်တာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ဆိုကာ ညနေပိုင်း self-studyနားပေးလိုက်ခြင်း ဖြစ်သည်။

ခပ်လှမ်းလှမ်းကျောင်းဆောင်ဆီက ပျော်ရွှင်ဆူညံသံတွေကြားတော့ ကိုယ်လည်း တစ်ချိန်က အဲ့ထဲကတစ်ယောက်ဖြစ်ခဲ့တာကို သတိရမိတယ်။ ဒါပေမယ့် အခုများတော့ ကိုယ့်နေရာမှာ ရွှယ်တိတွေ ရွှယ်မေ့တွေကပဲ အစားထိုး ပျော်ပါးနေကြတာပေါ့၊ ရုတ်တရက်ကြီး ကျောင်းသားတွေမှာ ငယ်ရွယ်မှုတွေ ကုန်ခမ်းသွားသလိုခံစားရတယ်။

အထက်တန်းတတိယနှစ်ဆိုတာ လူ့လောကထဲကို ခြေတစ်ဖက်လှမ်းနေသလိုဖြစ်နေပေမယ့် ရက်စက်ကြမ်းတမ်းတဲ့ ဒီလောကကြီးကို ရင်ဆိုင်ဖို့ ဘာမှအသင့်မဖြစ်သေးတဲ့ ကလေးလိုလည်း ဖြစ်နေပြန်ရော။

ကောကျစ်ရှုံးက သက်ပြင်းချတယ်။
"ပျော်စရာဆိုတာ သူတို့အတွက်ပဲ၊ ငါတို့မယ်တော့ ဘာမှကို မပျော်ရဘူး"

Pay Attention To Me [Myanmar Translation]Where stories live. Discover now