Chapter - 69

6.4K 1.4K 129
                                    

ပေရေညစ်ပတ်နေတဲ့ စက်ရုံဟောင်းထဲမှာ မှန်ပြတင်းတွေက အပိုင်းပိုင်းအစစအဖြစ် ကြမ်းပေါ်မှာပျံ့ကြဲလို့၊ လေမိုးဒဏ်တွေကို ကာဆီးခြင်းအတွက်ငှာ မစွမ်းသာတော့။ အတွင်းပိုင်းဟာလည်း အပြင်ဘက်ကလိုပဲ မထူးမခြားနား စိုစိအေးစက်နေတယ်၊ အဲ့ထက်တောင် ဆိုးချင်လည်းဆိုးနေဦးမှာ။

ရင်းချဲယ်ကတော့ စကားတစ်ခွန်းမှမပြောပဲ မျက်လုံးမှိတ်ထားပြီး သေလောက်အောင်ပျင်းနေပြီဖြစ်တဲ့ တခြားလူတွေကတော့ ဖုန်းကိုယ်စီနဲ့ဆော့နေကြတယ်။ မိနစ်တွေ စက္ကန့်တွေ တရွေ့ရွေ့ကုန်ဆုံးသွားပြီး အချိန်က ခြောက်နာရီတောင်ခွဲ‌နေပြီ။ First Highရဲ့ညနေပိုင်း self-studyတန်းကတော့ စလောက်ရောဆိုပေမယ့် ကျန့်ယောင်ကတော့ ခုထက်ထိပြန်ရောက်မလာသေးပေ။

‘‘ကျောက်ကော အဲ့ဒီငကျန့်က ဘာလို့တအားကြာနေရတာလဲ?”
ဖန့်ဟွေကမေးတယ်။

‘‘ဖြစ်နိုင်ချေ ၈၀%လောက်ကတော့ သူကြောက်နေလို့နေမှာပေါ့”
နောက်ထပ်တအောင့်လောက်ကြာစောင့်ပြီးနောက်မှာ ကျောက်ကျန်ရှန်း စိတ်မရှည်ထပ်ဖြစ်လာတယ်။ ကြမ်းပြင်ပေါ်မှာချည်ထားတဲ့ကောင်ဆီသွားပြီး ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်တယ်။
‘‘အလှလေးရေ၊ မင်းကောင်ကတော့ မင်းကိုမလိုချင်တော့ဘူးထင်တယ် ဘယ်လိုလုပ်ကြပါ့မလဲ ဟွန်? သူ့ဆီဖုန်းတစ်ချက်ဆက်ပြီး ပြန်လာဖို့ပြောလိုက် မဟုတ်ရင် မင်းကိုနာကျင်အောင် လုပ်ရလိမ့်မယ်”

ရင်းချဲယ်က မျက်စိပိတ်ထားရက်နဲ့ ပြောတယ်။
‘‘ထွက်သွားစမ်း”

‘‘ဒီလောက်ဖြစ်နေတာတောင် ရူးချင်ယောင်ဆောင်နေသေးတယ်” 
ကျောက်ကျန်ရှန်းက ထရပ်တယ်။
‘‘ခေါင်းမာမနေနဲ့ ပြောတာသာနားထောင်လိုက်၊ မင်းဘာကြောက်တတ်လဲဆိုတာ ငါမှတ်မိတယ်နော်”

ကျောက်ကျန်ရှန်းက သူတို့ယူလာတဲ့တုတ်တွေကြား မွှေနှောက်ရှာပြီးနောက်တော့ stun batonကို ရှာတွေ့သွားတယ်။
‘‘မင်းကိုထပ်မေးမယ်၊ ဖုန်းခေါ်မှာလား မခေါ်ဘူးလား?”

ရင်းချဲယ်က မျက်လုံးဖွင့်လာတယ်။ ထိုမျက်၀န်းတစ်စုံထဲမှာ နွေးထွေးမှုတစ်စက်မှ ရှိမနေ။
‘‘ငါလည်းထပ်ဖြေမယ်၊ ထွက်သွား”

Pay Attention To Me [Myanmar Translation]Where stories live. Discover now