Chapter - 7

9.4K 1.6K 64
                                    

နွေရာသီရဲ့ညနေနှောင်းပိုင်းဆိုတော့ အပူဒဏ်ကြောင့်ရော သူနွမ်းနယ်လို့ အိပ်ချင်နေပြီ။

နေခြည်နွေးနွေး၏အောက် ရင်းချယ်မြင်ကွင်းဟာ လိမ္မော်ရောင်နှင့် ဝါကျင့်ကျင့်အရောင်များ၏ ဖုံးလွှမ်းနေမှုကြောင့် သူ့အားငိုက်မျဥ်းလာစေသည်။

ရုတ်တရက် အလင်းရောင်ကို တစ်စုံတစ်ယောက်မှ အရိပ်ဖြင့် ကွယ်လိုက်သည်ကို သူ၏မျက်ခွံများမှတစ်ဆင့် ခံစားလိုက်ရသည်။

သူမျက်မှောင်ကြုတ်လို့ မျက်လုံးကို အနည်းအကျဥ်းမျှ ဖွင့်ကြည့်လိုက်၏။

"ထ၊ ထ ၊ ကောင်စုတ်လေးရဲ့၊ စာရင်းသွင်းဖို့ လူတစ်ယောက်ရောက်လာတယ်"

ရင်းချဲယ်မျက်လုံးကို အပြည့်အ၀ဖွင့်လိုက်ချိန်မှ ရောက်လာသူကို ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။

"ဘယ်မှာလဲ....?''
သူ ဘေးပတ်လည်ကို ကြည့်ကြည့်တော့ တစ်ယောက်မှလည်းမရှိ။ သူ့ခေါင်းကို ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်နဲ့ ကျန့်ယောင်အနောက်ကိုလည်းရှာကြည့်သေးသည်။
"ဘယ်သူမှလည်းမရှိပဲနဲ့၊ မင်းငါ့ကို လာလိမ်နေတာလား"

ကျန့်ယောင်က စားပွဲပေါ်ကို ကိုင်းချလိုက်ပြီး သူ့ကိုပြုံးပြတယ်။
"ငါကရော လူမဟုတ်ဘူးလား?"

ရင်းချဲယ်က သူ့ကိုကြောင်တောင်တောင်ကြည့်လို့
"မင်းက စာရင်းသွင်းချင်တာလား?"

"ဟုတ်တယ်"

"ဒီ clubက ဘာ clubတုန်းသိလို့လား?"

"ငါသိတာပေါ့၊ အကြောင်းအရာကို ဒီမှာရေးထားတာမလား၊ လက်မှုပညာအသင်း"

ရင်းချဲယ်ရဲ့ပြရုံငယ်လေးမှာ အခြားသောclubများကဟာတွေနဲ့ယှဥ်ရင် အတော်လေးကို စုတ်ပျက်နုံချာလှသည်။ သူက ဆိုင်းဘုတ်တွေဘာညာတောင် မလုပ်ဘူး၊ တွေ့ကရာစာရွက်ဖြူတစ်ရွက်ကောက်ယူလာလို့ ''လက်မှုပညာ club''ဆိုပြီး မာကာနဲ့ရေးထားတာပင်။ ပြီးမှ အဲ့စာရွက်ကို စားပွဲပေါ်ချပြီး အပေါ်ကဘောပင်ထည့်တဲ့ သစ်သားဘူးလေးနဲ့ ဖိထားတယ်တဲ့လေ။

စားပွဲပေါ်တွင်မူ လက်ဖြစ်တိုလီမုတ်စလေးတွေများစွာ ပျံ့ကြဲနေသည် - ရင်းချဲယ်က ထိုအရာများကို သူ့အဆောင်စာအုပ်စင်က မ,လာတာဖြစ်မည်၊ ပြသတယ်ဆိုတာဖြစ်တယ်ဆိုရုံလေး ဖြစ်အောင်ပေါ့။

Pay Attention To Me [Myanmar Translation]Where stories live. Discover now