Chapter - 54

6.8K 1.5K 88
                                    

“လက်စသတ်တော့ မင်းကောင်လေးက သူဖြစ်နေတာကိုး ဟမ် ကျန့်ယောင်” 

လူလေးငါးယောက်ခန့် သစ်ပင်တွေနောက်ကနေ ထွက်လာတယ်။

ခုနလေးက ငြင်းခုန်နေကြတာကတစ်ကြောင်း၊ အလင်းရောင်မရှိမှောင်မဲနေတာကတစ်ကြောင်းကြောင့် အထဲမှာလူရှိတာကို သူတို့သတိမပြုမိခဲ့ကြခြင်းဖြစ်သည်။

ထိုလူတွေ မီးရောင်အောက်ရောက်မှ မျက်နှာတွေကို မြင်လိုက်ရသည်။ အံ့သြစရာပင်မရှိ၊ ထိုထဲက တစ်ယောက်ဟာ အရင်တစ်ခေါက်က ပြဿနာလာရှာသူ ဖန့်ဟွေ။

ခုနလေးက စကားစသူကလည်း သူပင်ဖြစ်သည်။
“တိုက်ဆိုင်လိုက်တာ၊ ခုပဲ မင်းအတန်းဆီကိုလိုက်သွားတော့မလို့၊ ဖြစ်ချင်တော့ မင်းကိုယ်တိုင်က ရောက်လာတာကိုး၊ ကံကြမ္မာက ငါတို့ကိုဆုံစည်းပေးလိုက်တာပဲ”

ကျန့်ယောင်ကမူ သူ့ကိုကြည့်မလာ၊ ရင်းချဲယ်နောက်က တစ်ယောက်ကိုပဲ မမှိတ်မသုန်ကြည့်နေရင်းမှ :
“မင်းပဲကိုး”

နောက်ကလူကို ရင်းချဲယ်မမြင်ရပေမယ့်၊ သူ့ထက်အရပ်ရှည်ပုံရတာတော့ သူပြောနိုင်တယ်၊ သန်လည်းသန်မာတယ်၊ လျင်လည်းလျင်တာမို့ alphaတစ်ယောက်ပင်ဖြစ်ရမည်။

“မတွေ့ရတာကြာပြီ”
ထိုသူက ခပ်တိုးတိုးရယ်ကာ ညစ်ကျယ်ကျယ်အပြုံးနှင့် :
“တော်တော်အပုန်းကောင်းသကိုး၊ ငါ့မယ်တော့ မင်းသတင်းကြားရဖို့အရေး နှစ်တစ်ဝက်လောက်တောင် အချိန်ယူလိုက်ရတယ်”

“ကျောင်းလည်း ပြောင်းပြီးသွားပြီပဲ၊ ဘာကိစ္စ လာရှာနေတာလဲ?”

“ကျောင်းတော့ ပြောင်းပြီသွားပြီဆိုပေမယ့်လည်း Dong Chengအတွက် တာဝန်ရှိတာကတော့ မင်းပဲဖြစ်နေတုန်းပဲလေ၊ မင်းတစ်ရက်ပေါ်လာတာနဲ့ ငါတို့တွေ အေးဆေးလွတ်လပ်တဲ့နေ့တွေကို ပြန်ရနိုင်တော့မှာမဟုတ်ဘူး”

“အဲ့တော့ မင်းက ငါ့ကိုဘယ်တော့မှ Dong Chengကိုပြန်မလာစေချင်တာလား?”

“ဟုတ်တယ် ဝေးဝေးသွားလေ ကောင်းလေပဲ၊ ဘယ်တော့မှ ပြန်မလာပဲနဲ့”

ရင်းဇယ်ကလည်း ထိုသူကို စေ့စေ့စပ်စပ်အကဲခတ်နေရာမှ :
“မင်းတို့ ဘယ်သူတွေလဲ? သူနဲ့ရန်စရှိတယ်ဆိုလည်း သူ့ပဲရှာလေ၊ ငါ့ကောကို ဘာကိစ္စဖမ်းတာလဲ?”

Pay Attention To Me [Myanmar Translation]Where stories live. Discover now