Extra 1 :Graduation trip (2)

13.8K 1.1K 71
                                    

သောကြာနေ့မှာတော့ ချောင်ဝမ့်ယွင်တစ်ယောက် သားဖြစ်သူကို လေဆိပ်ထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့တော့တယ်။

ရင်းချယ်က ကားနောက်ခန်းထဲမှာ လိုက်ပါလာပြီး သူ့အမေနဲ့အတူ စကားပြောနေကြတယ်။ လက်ရှိ သူ့အမေပူပန်နေတဲ့ အဓိကအကြောင်းအရာကတော့ :
"မင်းပါ့ပါးနဲ့ မားတိုင်ပင်ကြည့်ပြီးပြီ၊ ကျောင်းကအဆောင်က အရမ်းရိုးရှင်းတယ်၊ မားကတော့ ကျောင်းနားမှာ တိုက်ခန်းတစ်လုံးဝယ်မလားလို့၊ ထမင်းဟင်းချက် အိမ်မှုကိစ္စလုပ်ဖို့က အားရီတစ်ယောက်ငှားလိုက်မယ်လေ၊ သားလည်း အေးအေးဆေး‌ဆေး စာလုပ်လို့ရတာပေါ့"

ရင်းချယ်မှာ ကူကယ်ရာမဲ့စွာ :
"မား ...ကျွန်တော်က အဲ့လောက်ကြီးလည်း နုနယ်နေတာမဟုတ်ပါဘူး၊ နောက်ပြီး အထက်တန်းကျောင်းတုန်းကတောင် အဆောင်နေခဲ့သေးတာပဲဟာ"

"မတူဘူးလေ၊ နောက်ပြီး မားကြားဖူးတယ် သားတို့တက္ကသိုလ်ကန်တင်းက စားစရာတွေက အရသာ အတော်လေးတယ်တဲ့၊ မစားတတ်ရင် ဘယ်လိုလုပ်မလဲ? အခန်းတွေကလည်း ကျပန်းခွဲတာတဲ့ တစ်ခန်းတည်းကျတဲ့လူက ပေါင်းရခက်ရင် ဘယ်လိုလုပ်မလဲ?"

"အဲ့တာဆိုလည်း တိုက်ခန်းပဲငှားလိုက်မယ်၊ အားရီတော့မ‌ငှားနဲ့တော့ ကျန့်ယောင်လုပ်ပေးလိမ့်မယ်"

"သားအပေါ်သူကောင်းတာကိုတော့ မားသိပါတယ်၊ ဒါပေမယ့် သူ့ဟင်းချက်စွမ်းရည်က....."
ချောင်ဝမ့်ယွင်က ပြောရင်း တန့်သွားတယ်။

ဒီစကားကိုတော့ ရင်းချယ်လည်း ဘာပြန်ပြောရမှန်းမသိတော့ပေ။ မနှစ်ကပေါ့.. ဟိုတစ်ခေါက်ပြီးတဲ့နောက်ကို ကျန့်ယောင်က သူ့အိမ်ခနတိုင်းလာလည်ဖြစ်သေးတယ်။ တစ်ညမှာတော့ သူက သူ့လက်စွမ်းကို ပြချင်ကြောင်း တက်တက်ကြွကြွနဲ့ ပြောလာတယ်။ ချောင်ဝမ့်ယွင်နဲ့ ရင်းချွမ်ထိုက်ကတောင် အတော်လေး အံ့ဩသွားသေးတာပေါ့၊ ခုခေတ်မှာ ဟင်းချက်နိုင်တဲ့ alphaမျိုးက သိပ်မှမရှိတော့ပဲကို။ လူကြီးနှစ်ယောက်ရဲ့မျက်နှာမှာက အားရကျေနပ်မှုတွေအပြည့်နဲ့ ပြုံးရင်း ထမင်းပွဲအတွက် ထိုင်စောင့်နေခဲ့ကြတယ်။

နောက်ဆက်တွဲဖြစ်ရပ်ကိုတော့ ပြောမနေတော့ပါဘူး။ ရင်းဇယ်ရဲ့စကားအတိုင်းပြောရရင်တော့ :
"ငါ့ကောရဲ့မျက်နှာကြောင့်သာ နေရာမှာတင်‌ ထွေးထုတ်မပစ်တာ၊ ရှင်းပြီလား?"တဲ့။

Has llegado al final de las partes publicadas.

⏰ Última actualización: Dec 27, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Pay Attention To Me [Myanmar Translation]Donde viven las historias. Descúbrelo ahora