Chapter - 22

7.5K 1.6K 153
                                    

ကျန့်ယောင်လည်း နုနုအိအိလေးတစ်ခုကိုင်မိသွားသည်ကြောင့် စိတ်ထဲ ဗလာချည်းဖြစ်လို့သွားသည်။ ချက်ချင်းပြောလာသည်။
‘’ဆောရီး ဆောရီး ငါတမင်လုပ်တာမဟုတ်ပါဘူး’’

‘’ဘာဖြစ်လို့လဲ?”
မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ပိုင်ယွိဝေက လှမ်းကြည့်လာသည်။

‘’သူ့လက်ကို မတော်တဆထိမိသွားလို့’’

အမှန်တော့ ထိမိရုံတင်မကပါ ကိုင်ကိုကိုင်လိုက်မိခြင်း။ ကိုင်ပြီးတော့လည်း သူ့လက်ထဲက နူးညံ့အိစက်တဲ့အထိတွေ့လေးကြောင့် သိချင်စိတ်နဲ့ညှစ်ပါညှစ်ကြည့်မိလိုက်သေးသည်။

ဒီတစ်ခေါက်တော့ ငါ‌တကယ်သွားပြီပဲ

ကျန့်ယောင်မှာတော့ အခုပဲထိုင်ခုံပေါ်ကကန်ချခံရတော့မလား ကိုယ့်ကိုယ်ကို အားတင်းရင်း စိတ်ထဲမှာလည်း ထိုင်ခုံဖော်လေးနဲ့ ဆိုင်လယ်ခေါင်ရန်မဖြစ်စေဖို့အရေးအသည်းအသန်တွေးတောနေလျက်။
သူ့အတွက် အိမ်စာကူကူးပေးရမလား? မဖြစ်ဘူး ရင်းချဲယ်က အဲ့ဒါတွေကို ဂရုစိုက်တာမဟုတ်ဘူး၊ ဒါဖြင့် လက်မှုပညာအသင်းအတွက် လိုအပ်သမျှပစ္စည်းတွေအကုန် တာ၀န်ယူပေးလိုက်ရင်ရော? ဒါလည်းမဖြစ်ဘူး ရင်းချဲယ်က ဘောစိ

အမျိုးမျိုးတွေးတောစဥ်းစားပြီးချိန်တွင်တော့ သူသိလိုက်သည် ‌: ဘယ်လိုမှ ရှောင်လွှဲမရတော့ဘူးပဲ

‘’ငါတို့အပြင်ထွက်ချကြရအောင်......’’

ရင်းချဲယ်ကမူ သူ့ကိုမဖက်မလုပ်၊ သူ့ပန်းကန်ထဲက ဆလပ်ထုပ်လေးကို ကောက်ယူပြီးစားလိုက်သည်။
‘’မဟုတ်တာတွေပြောမနေနဲ့ စားစရာရှိတာစား’’

‘’?”’

ငါကပ်ဘေးကနေ ဒီလိုပဲ လွတ်သွားခဲ့တာလား?

အန္တရာယ်ကင်းစေဖို့အရေး ကျန့်ယောင်ထပ်ကာ တောင်းပန်လိုက်သည်။
‘’ခုနလေးက ငါတကယ်သတိမထားမိလိုက်လို့ ဆောရီးပါနော်”

‘’ငါသိတယ် မင်းကို ဒီတစ်ကြိမ်တော့လွှတ်ပေးလိုက်မယ်”
ရင်းချဲယ်က သူ့ကိုမကြည့်ပဲ ဟော့ပေါ့အိုးကိုသာစိုက်ကြည့်ရင်း သူ့လက်ထဲကတူတွေနဲ့ ထိုထဲမှာ လျှောက်မွှေ‌နေမိသည်။
‘’ဒါမယ့် နောက်တစ်ခါထပ်ဖြစ်လို့ကတော့ .......မင်းလက်ကို ဖြတ်ပစ်မယ်”

Pay Attention To Me [Myanmar Translation]Where stories live. Discover now