Chapter - 17

8.4K 1.7K 137
                                    

သင်္ချာဆရာမပေးလိုက်သည့် တာ၀န်တွေကြောင့် ကျန့်ယောင်မှာ ညတစ်နာရီအထိပင် နေလိုက်ရလေသည်။ သင်္ချာ assignmentတစ်ခုစီက တစ်နာရီစီကြာကာ ဆင်ခြင်သုံးသပ်စာသည်တော့ နှစ်နာရီမျှကြာလေသည်။

တစ်၀က်တစ်ပြက်ချိန်တွင်တော့ သူကပ်ရပ်ဘေးခန်းဆီပြေးသွားလိုက်ကာ အကူအညီတောင်းခံလေတော့သည်။ 
‘’ဒီကကောက မင်းရဲ့ဆင်ခြင်သုံးသပ်စာကိုကူရေးပေးနေတာလေ ကောကိုအိုင်ဒီယာလေးနည်းနည်း ကူပေးသင့်တယ်မလား၊ တကယ်ပဲငါရေးရတာ အခက်တွေ့နေပြီ”

မျက်နှာသေနှင့် ရင်းချဲယ်ကား ကြယ်စက္ကူခေါက်‌နေလေသည်။
‘’မင်းပဲ ငါ့အစားရေးပေးချင်တာမဟုတ်ဘူးလား?နောင်တရနေတာလား?”

အေးစက်ပြီး တစ်သီးတစ်သန့်၊ ညှာတာမှုမရှိ လူလည်းမဆန်ပြန်ဘူး..

ကျန့်ယောင် : ‌‘‘အခု မင်းက ငါ့ရည်းစားလို့အထင်ခံနေရတဲ့သူလေ ငါ့ကိုနည်းနည်းလောက်လေး အဖက်လုပ်ပေးလို့မရဘူးလား?’’

လက်ကိုဆတ်ခနဲလှုပ်ရှားလိုက်ကာ ရင်းချဲယ် ကြယ်လေးကို တစ်၀က်ပြည့်နေပြီဖြစ်သည့်ဖန်ပုလင်းထဲပစ်ထည့်လိုက်သည်။ နောက် ထ,ရပ်ကာ သင်္ချာစာရွက်တွေကိုဆွဲယူလိုက်၍ ကျန့်ယောင်ကို အခန်းထဲမှ ကန်ထုတ်လိုက်တော့သည်။

.
နောက်တစ်နေ့တွင်တော့ ကျောင်းမှာ ကျန်းမာရေးစစ်ဆေးမှုတစ်ရပ်ရှိလေသည်။

ဤသည်မှာ ကျောင်းသားတွေအနေနဲ့ အားကစားပွဲအတွင်း အထူးသဖြင့် တာဝေးအပြေးပြိုင်ပွဲအတွင်း မတော်တဆမှုများ မဖြစ်ရလေအောင် ပြိုင်ပွဲမတိုင်ခင် အထူးစီစဥ်စစ်ဆေးပေးခြင်းလည်းဖြစ်ချေသည်။ နှစ်စဥ်နှစ်တိုင်း သူတို့အရည်ချင်းသူတို့အထင်ကြီးပြီး အန်ဖတ်ဆို့သည်အထိပြေးလွှားကြသည့် ‘ဟီးရိုးများ’မှာ ရှောင်လွှဲမရအောင်ရှိကြစမြဲမို့။

အတန်းမော်နီတာတစ်ဦးအနေနဲ့ ချန်ရင်းရင်းကတော့ နူးညံ့တဲ့ omegaလေးတွေနဲ့ အထိမခံတဲ့ alphaလေးတစ်ဦးကိုလည်း အထူးသတိပေးရသေးသည်။
‘’ဟန်မုန့် နင် သေချာစစ်ဆေးခဲ့ ဟုတ်ပြီလား? အဆင်‌မပြေရင် ပြိုင်ကွင်းထဲမ၀င်ပြိုင်နဲ့နော်၊ နင့်ကိုယ်လုံးကြီးကို ငါနောက်ထပ်သယ်ပေးရတာမျိုးမရှိစေနဲ့ ”

Pay Attention To Me [Myanmar Translation]Where stories live. Discover now