Chapter - 93

7.2K 1.2K 104
                                    

အဆောင်မီးပိတ်ဖို့ရာ ဆယ်မိနစ်အလိုတွင်ဖြစ်သည်။

တစ်ဖက်ကပ်ရပ်အခန်းဆီက ကျန်းခဲ့ရဲ့အော်သံကို ကြားလိုက်ရသည်။
''အိုး ချီးပဲ အ၀တ်တွေမခြောက်သေးဘူး၊ မနက်ဖြန် ဘာသွား၀တ်ရတော့မှာလဲလို့!''

တစ်ဖက်က ပြန်လှမ်းအော်တဲ့ ကျိုးဟောက်လျန် :
''တုံးလုံးပတ်ပြေးပေါ့ကွာ ဟားဟားဟား"

ယောက်ျားလေးအဆောင်‌ရဲ့ မူမပျက်နေ့စဉ်ဆူညံသံတွေဟာ နံရံပါးတွေကတစ်ဆင့် ပျံ့လွင့်လျက်ရှိတယ်။

နှုတ်ခမ်းကို တင်းတင်းကိုက်ထားတဲ့ ရင်းချဲယ်ကတော့ အသံတစ်ချက်မထွက်မိစေဖို့အရေး တင်းခံနေတယ်။

''ဘာမှမဖြစ်ဘူးရယ် ဘယ်သူမှကြားရမှာမဟုတ်ဘူး"
ကျန့်ယောင်ရဲ့ရင်အုပ်က သူ့နောက်ကျောနဲ့ ကပ်နေပြီး စကားပြောတဲ့အချိန် လှုပ်ရှားမှုသေးသေးလေးတွေကအစ သူ သေချာခံစားမိနေရတယ်။

ရင်းချဲယ်က ခေါင်းငုံ့လျက်နဲ့ ဘေစင်ကို လက်နဲ့ထောက်အားပြုထားတယ်။
''....မြန်မြန်လုပ်"

သူကိုယ်၌ကိုက သဘောတူခွင့်ပြုခဲ့တယ် ဆိုပေသည့် ဒါကြီးကို မြန်မြန်အဆုံးသတ်စေချင်နေပြီ။

လွန်လွန်ကျူးကျူး အထိအတွေ့တွေ သာယာရစ်မူးဖွယ် အတွေ့အကြုံတွေ၊ ဒါတွေဟာ ခွန်အားတွေပိုလျှံနေတဲ့ ဒီအသက်ဒီအရွယ် ယောက်ျားလေးတစ်ယောက်အတွက် တပ်မက်စွဲလမ်းသွားစေဖို့ အရမ်းလွယ်တယ်။

စွဲလမ်းမိသွားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှာ မဟုတ်တော့ပေ။

ကျန့်ယောင် လက်တစ်ဖက်ကအရှိန်ကို မြှင့်တင်လိုက်ပြီး ကျန်တစ်ဖက်ကတော့ ရင်ခွင်ထဲကလူရဲ့မေးကို ကိုင်ကာ မော့စေလိုက်တယ်။
''မှန်ထဲကိုကြည့်လိုက်" 

''မကြည့်ဘူး"

''လိမ္မာပါကွာ''

Pheromoneတွေထဲမှာ Alpha ရဲ့အမိန့်တွေ သက်ရောက်နေတယ်၊ ရင်းချဲယ်အနေနဲ့ တွန်းလှန်နိုင်စွမ်းမရှိပေ။ ဖြည်းဖြည်းချင်းနဲ့ ရင်းချဲယ်မျက်၀န်းတွေ ပွင့်လားတယ်။

မှန်ထဲကလူနှစ်ယောက်ရဲ့မျက်နှာတွေက နီမြန်းနေပြီး ပူးကပ်နေတာများ ခွာမရအောင်ကိုပဲ။

Pay Attention To Me [Myanmar Translation]Where stories live. Discover now