Part 2

5.7K 606 4
                                    

အပိုင်း (၂)
ဩဇာရှိအမတ်လောင်း

"ဝါး.....!!!"

ကမ္ဘာမြေကြီးတုန်လှုပ်မတတ် အော်ငိုသံတစ်ခုထွက်ပေါ်လာသည်။

နန်းပေါင်ကျူး နှပ်ထားပြီးသော ကြက်ပေါင်ကိုကိုင်ထားရင်း ...

"နင်တို့ဘာလို့ငိုနေတာကြလဲ ငါတောင်စိတ်မကောင်းဖြစ်လာပြီ ... မငိုကြနဲ့တော့လို့"

"လူဆိုးမလေး"

သခင်မကြီးဖြစ်သည့် အဘွားက ဆူလိုက်သော်လည်း စိတ်ထဲတွင် ကျေနပ်နေသည်။

နန်းပေါင်ရီ က အဘွားကိုဖက်ကာ ပါးတစ်ဖက်ကို ညင်သာစွာနမ်းလိုက်ပြီး ...

"ဘွားဘွား အခုကစပြီး ဘွားဘွားကို သမီးဂရုစိုက်ပေးမှာမလို့ ဘွားဘွားလည်း နေကောင်းအောင်နေပြီး အကြာကြီးရှိနေရမယ်နော်"

သခင်မကြီးက သူမနှာတံထိပ်ကို အသာတို့ထိလိုက်ပြီး ကြင်နာစွာ ပြောလေသည်။

"ဘွားဘွားကလေ .. သမီးတို့ညီအစ်မနှစ်ယောက် ပျော်ရွှင်အေးချမ်းပြီး ဘဝတစ်လျှောက်လုံး သာယာဖြောင့်ဖြူးစေဖို့ပဲ မျှော်လင့်ပါတယ်ကွယ်"

.....

ဆုန်းဟယ့် ခြံဝင်းမှထွက်ခွာလာကြပြီးနောက် မိုးတိမ်များအုံ့ဆိုင်းလာပြီး မိုးသည်းစွာရွာတော့သည်။

အစေခံတစ်ယောက်က နန်းပေါင်ရီ အပေါ် ထီးမိုးပေးပြီး ကျင်းရီ ပွဲကြည့်စင်မှအထွက်တွင် ပုံသဏ္ဍာန်တစ်ခုကိုတွေ့လိုက်ရသဖြင့် နန်းပေါင်ရီ ခြေလှမ်းတို့ ရပ်တန့်သွားသည်။

ထိုလူက ....

သူမ၏ အစ်ကို ၂ ရှောင်းယီ ဖြစ်သည်။

ရှောင်းယီ ကို သူမ၏အကြီးဆုံးဦးလေးက နယ်ရပ်တခြားမှ ခေါ်လာပြီး ဆုံးပါးသွားသောသူငယ်ချင်း၏သားဟုဆိုကာ ကိုယ်တိုင်မွေးစားပျိုးထောင်ရန်ဆုံးဖြတ်ထားကြောင်း အသိပေးခဲ့သည်။

သို့သော် မည်သည့်အရပ်မှ မည်သူဖြစ်ကြောင်း မသိကြရသဖြင့် အိမ်တော်ရှိ မိသားစုဝင်တို့က သခင်လေးအဖြစ် အသိအမှတ်မပြုလိုကြပေ။ လွန်လေပြီးသည့်ဘိုးဘွားတို့၏ ကမ္ဗည်းတိုင်များရှိရာ အဆောင်ကိုလည်း ဂါရဝပြုခွင့်မရသည့်အပြင် နေ့ရက်တိုင်း မနက်စောစောနှင့် ညနေဘက်တွင်လည်း လူကြီးသူမတို့ကို ဦးညွှတ်နှုတ်ဆက်ခွင့်မရှိပေ။ အိမ်တော်ကြီးတွင် နေရသော်လည်း မိသားစုနှင့်မဆိုင်သည့် အပြင်လူသူစိမ်းတစ်ယောက်သာဖြစ်နေရသည်။

အာဃာတပြန်တမ်းWhere stories live. Discover now