part 59

3.5K 430 3
                                    

unicode

အပိုင်း (၅၉)

အမြှောင်မယားရှိခဲ့လျှင်

ဟယ်ယဲ့ က ပြုံးပြကာ ...

"ဒုသခင်လေးက ခုမှအလုပ်ပြန်ဆင်းတာလေ .. သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဖွဲ့ပြီး အပြင်အတူထွက်ပြီး သောက်ကြမှာ သဘာဝပဲလေ"

နန်းပေါင်ရီ နားလည်သလိုရှိသွားသည်။ သူမဆွဲထားသော နားဆွဲကို ကြေးမုံထဲမှကြည့်နေရင်း ရုတ်တရက် မကျေမနပ်ဖြစ်လာသဖြင့် နားဆွဲ‌များကိုဖြုတ်လိုက်ပြီး ...

"အဝတ်အစားအသစ်နဲ့ မိတ်ဆွေသစ်တွေက အကောင်းဆုံးပဲလို့ပြောလေ့ရှိတယ် ... အစ်ကို ၂က သူ့အနားမှာ ယွိဝေ နဲ့ ချန်ရှင်း ရှိပြီးသားလေ ... အခုလို အပြင်ထွက်ပြီး သောက်စားနေလို့ဘယ်ဖြစ်မလဲ .. ဒါမသင့်တော်ဘူးလေ"

ရှောင်းယီ က မိန်းမရှုပ်ပွေသူမဟုတ်ဟု အရင်ဘဝတွင် သိခဲ့ရသော်လည်း တစ်ဆင့်စကားကြားရခဲ့ခြင်းသာဖြစ်သည်။ တစ်နေရာရာမှာ တိတ်တခိုးအပျော်မယားရှိနေမလား ဘယ်သူသိနိုင်မှာလဲ။

သူမ အလေးအနက်ထားကာ ပြောသင့်ဟန်နှင့် ...

"လူငယ်တစ်ယောက်အနေနဲ့ အလုပ်ကိုရှေ့တန်းတင်သင့်တာပေါ့ နေ့တိုင်း ဘာလို့ အပြင်ထွက်ပြီး သောက်စားနေရမှာလဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဖွဲ့ချင်ရင်တောင် ဒီလိုနည်းနဲ့မဖွဲ့သင့်ဘူးလေ .. အိမ်မှာကျန်နေခဲ့တဲ့ အမျိုးသမီးအတွက် သူမစဉ်းစားပေးတော့ဘူးလား"

ဟယ်ယဲ့ ပြောစရာများ ပျောက်ဆုံးသွားသည်။

ထိုစကားများပြောနေသော သူမ၏သခင်မလေးက ဘာကြောင့်များ သခင်လေး၏ဇနီးတစ်ယောက်ကဲ့သို့ ဖြစ်နေရတာပါလဲ။

ဟယ်ယဲ့ က မီးငှက်အမြီးပုံ ကျောက်စိမ်းနားဆွဲတစ်ခုကို ထပ်ယူလိုက်ပြီး

"သခင်မလေး ဒါလေးလည်း အသစ်ပဲ ... ရွှေစနှစ်ရာတောင်ပေးရတယ်လို့ကြားတယ် ... သခင်မလေးမှာရှိပြီးသား မီးငှက်အမြီးပုံဆံထိုးနဲ့ ကွက်တိပဲ .. ဝတ်လိုက်ရင် ပိုကြည့်ကောင်းသွားမှာ"

အာဃာတပြန်တမ်းWhere stories live. Discover now