part108

2.8K 304 5
                                    

unicode

အပိုင်း (၁၀၈)

မျက်လုံးတွေနီရဲလောက်အောင် သူမအနိုင်ကျင့်ခံနေရတယ်

“ဒီကိုလာခဲ့”

နန်းပေါင်ရီသည် ဘာမှနားမလည်ဘဲ ရှောင်းယီဆီကို ချဉ်းကပ်သွားသည်။ ရှောင်းယီမှာ သူမကို ရုတ်တရက် ပွေ့ဖက်လိုက်သည်။ သူသည် သူမကို သူ၏ဒူးခေါင်းတွေကြားမှာ ထားထားသည်။ သူမ၏ ခါးသွယ်သွယ်လေးကို လက်တစ်ဖက်နဲ့ ပွေ့ဖက်ထားပြီး သူမ၏မေးစေ့ကို သူ၏မေးစေ့နဲ့ ထိထားလိုက်သည်။

နန်းပေါင်ရီသည် သူ၏ အချုပ်ခံလိုက်ရတာကြောင့် ကြောက်လန့်နေပြီး “အစ်ကို! အစ်ကို! အစ်ကို ၂”

ရှောင်းယီမှာ သူမနှင့် အနီးကပ်ဆုံး တိုးလိုက်ပြီး သူမ၏ ခေါင်ရမ်းပန်းနံ့သင်းသည့် ပါးပြင်လေးကို နမ်းရှိုက်လိုက်သည်။

‘တကယ်ချိုမြိန်တယ်’

သူမ၏ ပါးလျသည့် နှုတ်ခမ်းလေးတွေကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

“မင်းက ငါရဲ့ မုတန်းပန်းပင်ကို ဖျက်ဆီးလိုက်တယ်၊ အလျော်အစားအတွက် ငါနဲ့ ညှိနှိုင်းရဦးမယ်လေ”

သူသည် အန္တရာယ်ကြီးသည့် သားရဲတစ်ကောင်လိုပင်၊ နန်းပေါင်ရီမှာ မလှုပ်ရဲတော့ဘဲ သူ၏ပေါင်ပေါ်မှာ လိမ်လိမ်မာမာ ထိုင်နေလိုက်သည်။ သူမ၏ မျက်နှာမှာ မျက်နှာချေမှုန့် အနီဆိုးထားသလို နီရဲနေပြီး လေသံဖွဖွနဲ့ တောင်းဆိုလိုက်သည်။

“မောင်နှမတွေကြားမှာ ပြန်လျော်ပေးဖို့ ပြောတာက အရမ်းကို နာကျင်စေတယ်၊ ပြီးတော့ အစ်ကို့ရဲ့ မုတန်းပန်းပင်က သေသွားတာလည်း မဟုတ်ဘူး”

“မသေဘူးဆိုတာနဲ့ပဲ ပြန်လျော်စရာ မလိုတော့ဘူးလား”

နန်းပေါင်ရီက အပြစ်ရှိစိတ်ကို ခံစားရပေမယ့် ကြက်သွန်ဖြူလုံးလေးလို ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။

တစ်စုံတရာ ပေါက်ကွဲတော့မလို ခံစားရပြီး သူမ၏ အသားအရေက ဖြူဖျော့လာသည်။ သူမသည် ခေါင်းညိတ် လိုက်သည့်အခါ သူမ၏နားဆွဲမှာ တပ်ဆင်ထားသည့် ကျောက်မျက်ရတနာ‌များက ညင်သာစွာ လှုပ်ယမ်းနေပြီး သူမ၏နားကို ဖွေးဉုလာစေသည်။ သူမ၏လည်တိုင်ကလည်း ဆွဲဆောင်မှုရှိစွာ သွယ်လျနေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now