Part 19

4K 496 11
                                    

အပိုင်း (၁၉)

အရှက်ရဖွယ် မင်္ဂလာပွဲ (၁)

"တော်လိုက်တာ"

မိန်းကလေး လျို က ဂုဏ်ယူစွာပြောလိုက်သည်။

"မေမေအိမ်တော်ကိုရောက်ပြီး သူ့ရဲ့အမေဖြစ်လာရင် အဲဒီအခါ သူ့ကို ဒုက္ခရောက်အောင်လုပ်လို့ရပြီ ... လက်ထပ်ပွဲတင်မကဘူး ယန်အာ ကြိုက်တာအကုန် မေမေရအောင်ယူပေးမယ်"

နန်းယန် လည်း စိတ်ကျေနပ်သွားပြီး ချစ်စဖွယ်အမူအရာနှင့် ...

"သမီး သူ့ရဲ့အမွေတွေလည်းလိုချင်တယ်"

"ဒါကပိုတောင်လွယ်သေးတယ် .. သူ့ရဲ လက်ထပ်ပွဲက မေမေ့လက်ထဲရောက်လာရင် အမွေတွေလွှဲခိုင်းရင် သူမနာခံဘဲနေနိုင်မလား"

အမေနှင့်သမီးနှစ်ယောက်လုံး ရှေ့လျှောက်အနာဂတ်ဘဝကောင်းစားတော့မည်ဟုတွေးကာ အပြုံးကြီးပြုံးနေကြတော့သည်။

......

လက်ထပ်ပွဲလည်း တဖြည်းဖြည်းနီးကပ်လာသဖြင့် နန်း အိမ်တော်တွင်လည်း တဖြည်းဖြည်းအလုပ်များလာကြသည်။

အစတွင် သခင်မကြီးက မိန်းကလေး လျို ဝင်လာမည်ကို ငြင်းဆန်နေသော်လည်း နန်းပေါင်ရီ က သူမထံတွင် စိတ်ဝင်စားဖွယ်အံ့ဩစရာတစ်စုံတစ်ခုရှိနေသောကြောင့် ထိုအခွင့်အရေးကို လက်မလွှတ်ပေးနိုင်ပါ။ ထို့ကြောင့် သခင်မကြီးကို ပူဆာလိုက်ပြီး သခင်မကြီးကလည်း ခွင့်ပြုပေးခဲ့ရသည်။

အစေခံတို့ကလည်း ဥယျာဉ်ထဲတွင် မီးပုံးများတပ်ဆင်နေကြပြီး လေဆာဆောင်ကိုလည်း မသိမသာခိုးကြည့်ကြလေသည်။

သူတို့၏ သခင်မလေး ၅သည် မိထွေးရောက်လာမည်ကိုမမှုသည့်အလား နေ့တိုင်း လေသာဆောင်တွင်ထိုင်ပြီး တိတ်ဆိတ်စွာ လက်ရေးလှလေ့ကျင့်လျက်သာရှိနေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now