part33

3.7K 483 6
                                    

unicode
အပိုင်း (၃၃)

မမှတ်မိရင် စားခွင့်မရှိ

နန်းပေါင်ရီ ရှက်ချိန်ပင် မရလိုက်။ ရှောင်းယီ က စောင်ကို လှန်ပစ်လိုက်တော့သည်။ သူမဝတ်စုံကိုပစ်ပေးလိုက်ရာ မျက်နှာဖုံးအုပ်သွားလေသည်။ ရှောင်းယီ လည်း ထရပ်ပြီး သူမကိုကျောပေးကာ ဝတ်စုံကိုပြင်ဝတ်လိုက်သည်။

"ထပြီးစာလုပ်တော့"

နန်းပေါင်ရီ ဝတ်စုံကိုကိုင်ကာ စိတ်ရှုပ်နေသည့်ပုံနှင့် .... "ယောက်ျားလေးနဲ့ မိန်းကလေးက အတူနေလို့မရဘူး .. အစ်ကို ၂လည်း ရှောင်ကြဉ်ရမယ်"

"ငါတို့ကမောင်နှမတွေလေ .. ငါမင်းကို ဘာလုပ်လို့ရမှာလဲ"

ရှောင်းယီ လှည့်ကြည့်လိုက်ပြီး သူ၏ကျဉ်းမြောင်းသော မျက်ဝန်းများက ကသိကအောက်ဖြစ်စေသည့် အကြည့်များနှင့် ...

"ဒါမှမဟုတ် ... မင်းက ငါ့ကို အစ်ကိုလို မမြင်ဘူးလို့ ပြောနေတာလား"

သူ၏ဝတ်ရုံမှာလည်း ပွင့်ဟနေပြီး တောင့်တင်းသန်မာသော ကြွက်သားများကိုလည်း လှစ်ဟပြနေလေသည်။ 

အတိတ်တွင်သာမက ယခုဘဝတွင်ပါ ထိုသို့သောမြင်ကွင်းကို နန်းပေါင်ရီ ပထမဆုံးမြင်ဖူးခြင်းပင်။ သူမမျက်နှာနီမြန်းသွားပြီး မျက်လုံးအမြန်ပိတ်ကာ ...

"အစ်ကိုတစ်ယောက်လိုပဲ မြင်တာပေါ့"

ရှောင်းယီ အသာရယ်လိုက်ပြီး ...

"အဝတ်အစားလဲဖို့နဲ့ မနက်စာစားဖို့ အချိန် ၁၅ မိနစ်ပေးမယ် ပြီးရင် စာလုပ်တော့"

ရှောင်းယီ ကို နန်းပေါင်ရီ ကြည့်ရင်း ပြေးသွားကာ ပါးစပ်မှလည်း အော်လျက် ....

"၁၅ မိနစ်နဲ့ ဘယ်လိုလောက်မှာလဲ ... ညီ..ညီ..ညီမလေး အလှပြင်ရမှာနဲ့ လှလှပပဝတ်ရမှာရှိသေးတယ်လေ"

"၇ မိနစ်ခွဲ"

သူမငိုချင်လာသည်။ နန်းပေါင်ရီ ဆိုသည့် သူမက အလှအပအလွန်ကြိုက်သည်။ သူမထုံးနေကျ ဆံထုံးလေးနှစ်ခုအတွက် မနက်စာစားချိန်ကိုပင် စတေးလိုက်ရပြီး စာဖတ်ခန်းသို့ အမြန်ပြေးသွားတော့သည်။

ကွန်ဖြူးရှပ်၏အတွေးအခေါ် စာအုပ်ကို ကောက်ယူပြီး အနောက်ဘက်ပြတင်းပေါက်နားတွင်ရပ်ကာ ရှောင်းယီ ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေသည်။ ရှောင်းယီ က စာရေးနေသောကြေညင့် သူမသိလိုစိတ်တို့ဖြင့် ...

အာဃာတပြန်တမ်းWhere stories live. Discover now