part42

3.7K 480 7
                                    

unicode
အပိုင်း (၄၂)

ငါ့အနားမှာ မင်းရှိရင် ပိုပြီးယုံကြည်ချက်ရှိသလို ခံစားရတယ်

ထိုင်ခုံများရှိရာနေရာတွင် နန်းပေါင်ရီ က သခင်မကြီး၏ ပွေ့ဖက်မှုထဲသို့ ချစ်စဖွယ် တိုးဝင်နေသည်။

"ဘွားဘွား"

သခင်မကြီး နန်း က ဂုဏ်ယူစွာနှင့် အခြားသူများကို ပြောပြလိုက်သည်။

"အစကတော့ ကျောင်းကျောင်းအာ က နွေဦးရာသီပန်းပွဲတော်မှာ ပြိုင်ချင်တယ်ပြောတော့ စနောက်နေတယ်ပဲထင်ခဲ့တာ .. ဒီလိုပထမဆုရသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ! ဒီကလေးမက သူ့အမေလို အရမ်းထက်မြက်တာပဲ"

နန်းကွမ် က မျက်နှာဖြူဖျော့စွာနှင့် အနောက်ဘက်တွင် ထိုင်နေသည်။

သူအသုံးပြုလိုက်သော ရွှေစ၂စကို ဆုံးရှုံးလိုက်ရပြီ။ သူဘာဆက်လုပ်ရတော့မှာလဲ။

သခင်မ လျို ကလည်း သူမနှုတ်ခမ်းကို ဖိကိုက်ထားရင်း လက်ကိုကျစ်နေအောင်ဆုပ်ထားကာ နန်းပေါင်ရီ ကို တစ်စစီဆွဲဖြဲချင်စိတ်တို့ ဖြစ်ပေါ်လာသည်။ သူမ၏နောက်ဆုံးသောကျန်ငွေတို့မှာ ထိုသို့ပင် ဆုံးရှုံးလိုက်ရတော့သည်။

သခင်မ ချန်း နှင့် သခင်မ ချန် တို့လည်း အလားတူ အလွန်ရှက်နေကြသည်။ အရာရှိမိသားစုဖြစ်သည်မှန်သော်လည်း နန်း အိမ်တော်ကဲ့သို့ မချမ်းသာကြသဖြင့် ရွှေစ ၁ထောင်မှာ သူမတို့အတွက် အလွန်များပြားသော ပမာဏဖြစ်ပြီး အနည်းဆုံး ရတနာများဝယ်ယူနိုင်သေးသည်။ သို့သော် ထိုကဲ့သို့ ဆုံးရှုံးလိမ့်ရမည်ဟု မထင်ထားခဲ့ကြပေ။

ထို့အတူ နန်း အိမ်တော်က နန်းပေါင်ရီ အပေါ် ရွှေစ သောင်းဂဏန်းနှင့် လောင်းကြေးထပ်ခဲ့ပုံကို ပြန်တွေးလိုက်ကြသည်။ ၂၀ အချိုး ၁ ဖြစ်သောကြောင့် အမြတ်အစွန်းများစွာ ရနိုင်သည့်အခွင့်အရေးပင်။

သူမတို့သာ မနာလိုအားကျသည်မဟုတ်၊ အခြားသူများလည်း ထိုနည်းအတိုင်း နန်း အိမ်တော်ကို မနာလိုအားကျလျက်ရှိသည်။

နန်း အိမ်တော်က ဘာကိုလုပ်လုပ် ဘယ်လိုကြောင့်များ ငွေအလွယ်တကူရနိုင်တာလဲ။

အာဃာတပြန်တမ်းWhere stories live. Discover now