part 84

3.2K 386 8
                                    

unicode
အပိုင်း (၈၄)

လက်ထပ်ထိမ်းမြားခွင့်

နန်းပေါင်ရီ သေရည်သောက်ပြီးနောက် ခံတွင်းထဲတွင် ပန်းရနံ့ချိုလေးများ မွှေးပျံ့သွားသည်။

သူမက လက်ဖက်ရည်ခွက်လေးကိုကိုင်ရင်း ...

"အစ်ကို ၂ .. ညီမလေးထပ်သောက်ချင်သေးတယ်"

ဟယ်ယဲ့ က သူမအနားကပ်ကာ သတိပေးသည်။

"သခင်မလေး .. သခင်မလေးက နည်းနည်းသောက်တာနဲ့မူးတာနော် .. ထပ်သောက်လို့မဖြစ်ဘူး"

"ဒါပေမယ့် ငါသောက်ချင်သေးတယ်လေ"

ကလေးမလေး၏ မီးငှက်သဖွယ်မျက်လုံးရွဲကြီးများက ကြည်လင်တောက်ပကာ သူမ၏မူပိုသောမျက်နှာထားကြောင့် ရှောင်းယီ မငြင်းနိုင်ဖြစ်သွားလေသည်။

ဟယ်ယဲ့ က ထပ်မံဖျောင်းဖျလိုသော်လည်း ရှောင်းယီ က

"ငါရှိတယ် စိတ်မပူနဲ့ .. မင်းတို့အားလုံးပြန်လို့ရပြီ"

အခန်းထဲရှိအစေခံများလည်း ထွက်သွားကြျလသည်။

ရှောင်းယီ က နန်းပေါင်ရီကို သေရည်တစ်ခွက်ငှဲ့ပေးသည်။

သို့သော် နန်းပေါင်ရီ မှာ သေရည်ကိုထိသည်နှင့်မူးသည့်သူမျိုးဖြစ်သောကြောင့် နောက်တစ်ခွက်သောက်အပြီးတွင် သူမ၏မျက်နှာမှာ နီမြန်းသွားလေသည်။

ဂဏန်းလုံးအချို့ကိုစားချင်သေးသဖြင့် တစ်လုံးလှမ်းယူလိုက်သော်လည်း မူးနေသောကြောင့် အခွံမခွာနိုင်တော့ပေ။

ရှောင်းယီ က သူမလက်ထဲမှ ဂဏန်းလုံးကိုယူကာ ဂရုတစိုက်နှင့် အခွံခွာပေးပြီးနောက် အသားနှင့်အဆီများကို သူမ၏ပန်းကန်လုံးထဲ ထည့်ပေးမည်အပြုတွင် ကလေးမလေးက ပန်းကန်လုံးလေးကိုကိုင်ရင်း သူ့အနားတွင်ရိုကျိုးစွာလာထိုင်နေပုံမှာ ခွံ့ကျွေးခိုင်းနေသည့်ပုံပင်။

ရှောင်းယီ ပြုံးလိုက်ပြီး ဂဏန်အသားများကို သူမပန်းကန်လုံးထဲသို့ထည့်ပေးလိုက်သည့်အခါ ကလေးမလေးက မျက်လွှာချ၍ ငြိမ်သက်စွာဖြင့် ဣန္ဒြေရှိရှိယူစားလေသည်။ သူမက ဂဏန်းလုံးများစားရသည်ကို အလွန်ကြိုက်သည့်ပင်။

အာဃာတပြန်တမ်းWhere stories live. Discover now