Part 32

3.8K 443 7
                                    

unicode

အပိုင်း (၃၂)

စိတ်လှုပ်ရှားနေသည့် ရှောင်းယီ

နန်းပေါင်ရီ တဖြည်းဖြည်းထလာပြီး မျက်ရည်လည်း ဝဲနေသည်။ သူမ၏ဝမ်းနည်းစိတ်ကိုပြန်ထိန်းချုပ်ကာ ...

"ညီမလေး ကြိုးစားပါ့မယ်"

သူမ ဗျတ်စောင်းကို မှိုင်တွေစွာစိုက်ကြည့်လိုက်ပြီးနောက် လမ်းပျောက်နေဟန်နှင့် ရှောင်းယီ ကို ကြည့်ကာ ...

"အစ်ကို ၂ .. ဆရာက မရှိတော့ဘူး ညီမလေးကို ဘယ်သူသင်ပေးမှာလဲ"

ရှောင်းယီ ကိုယ်တိုင် ဗျတ်စောင်းတီးသင်ပေးလိမ့်မည်ဟု နန်းပေါင်ရီ မထင်ထားခဲ့ပေ။ ရှောင်းယီ က သူမအနောက်တွင်ထိုင်ပြီး လက်နှစ်ဖက်ကို ဗျတ်စောင်းပေါ်တင်ကာ သူမလက်တို့ရွေ့လျားစေရန် လမ်းညွှန်ပြလေသည်။

သူ၏သွယ်လျသောလက်အချိုးအဆစ်တို့မှာ ထင်ရှားနေပြီး ပြတင်းပေါက်မှတဆင့် ဖြတ်ဝင်လာသောနေရောင်ခြည်က ရှောင်းယီ လက်ချောင်းထိပ်များပေါ်သို့ ကျရောက်နေသည်။ လက်ချောင်းများမှာလည်း ကျောက်စိမ်းပန်းပုထုထွင်းထားသကဲ့သို့ တောက်ပနေသည်။

တေးသွားမှာလည်း တောင်ကျရေကဲ့သို့ လှပစွာ တီးခတ်စီးမျောနေသဖြင့် ရှောင်းယီ မှာ အလွန်ကျွမ်းကျင်ပိုင်နိုင်လိမ့်မည်ဟု ထင်ရသည်။ ဝတ်ရုံတွင်လည်း မွှေးပျံ့ချိုမြသောရနံ့တစ်မျိုး စွဲကျန်နေကာ ထိုကဲ့သို့သော ရှောင်းယီ ကို နန်းပေါင်ရီ သဘောကျနှစ်သက်သည်။

နန်းပေါင်ရီ မှာ ဗျတ်စောင်းတီးခြင်းကို အာရုံစိုက်လေ့လာနေသော်လည်း ရှောင်းယီ မှာမူ စိတ်မတည်မငြိမ်ဖြစ်နေလေသည်။ သူ၏ရင်ခွင်ထဲရှိ မိန်းကလေးမှာ ခေါင်ရန်းပန်းရနံ့ သင်းပျံ့နေသည်။ သူဆုပ်ထားကိုင်ထားသော သူမ၏လက်တို့မှာ အလွန်နူးညံ့ကာ သူမ၏လက်ချောင်းမှာလည်း အမြဲကော့ညွှတ်နေလျက်ပင်။ ကြိုးတစ်ချောင်းတီးခတ်သွားတိုင်း ပန်းနုရောင်လက်ချောင်းထိပ်လေးမှာ သူ၏နှလုံးသားကို ကုတ်ခြစ်လိုက်သကဲ့သို့ ခံစားရပြီး သူ၏စိတ်အာရုံကို ပျက်ပြားစေသည်။

၁၈ နှစ်အတွင်း မိန်းကလေးတစ်ယောက်အပေါ် မတူညီသော ခံစားချက်များနှင့် အတွေးများဖြစ်လာခဲ့သည်မှာ ပထမဆုံးပင်။ သူမ၏လက်ချောင်းထိပ်များကို နမ်းရှိုက်ချင်သည်၊ သူမပါးမို့လေးများကို အသာဖျစ်ညှစ်ချင်သည်၊ အစ်ကို ဟုခေါ်သော သူမ၏ သာယာသောအသံကို အမြဲကြားချင်နေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now