part44

3.7K 462 3
                                    

unicode
အပိုင်း (၄၄)

ပါးမို့ထက် အနမ်း

နောက်တစ်နေ့မနက်တွင် နန်းပေါင်ရီ နှစ်ခြိုက်စွာအိပ်မောကျနေရာမှ ဟယ်ယဲ့ က ညင်သာစွာလာလှုပ်နှိုးသဖြင့်  နိုးထလာတော့သည်။

"သခင်မလေး ထတော့လေ မိုးလင်းနေပြီ ... ဒုသခင်လေးကို ဒီမှာစောင့်နေလို့မဖြစ်ဘူး”

နန်းပေါင်ရီ က အိပ်ချင်မူးတူးဖြင့် သွားရည်များကိုသုတ်လိုက်ပြီး ...

"အစ်ကို ၂က ခုထိ ပြန်မရောက်သေးဘူးလား"

"ဒုသခင်လေးနဲ့ စစ်သူကြီး စစ်ထို့ တို့ မနေ့ညကသောက်စားရင်းနဲ့ ညဉ့်နက်သွားတော့ တည်းခိုဆောင်မှာပဲ အိပ်လိုက်ကြတယ်လို့ အစေခံတစ်ယောက်ဆီက ကြားမိတယ် .. ခုလေးတင်ပဲ သူပြန်ရောက်လာတာ"

နန်းပေါင်ရီ က အလောတကြီးနှင့် ...

"သူအခုဘယ်မှာလဲ"

"ဆုန်းဟယ့် ခြံထဲမှာလေ .. သခင်မကြီးကိုနှုတ်ဆက်ပြီး စကားပြောနေတယ်"

"ငါသွားကြည့်လိုက်ဦးမယ်"

နန်းပေါင်ရီ ပြေးရန်ပြင်လိုက်ချိန်မှာပင် ဟယ်ယဲ့ က သူမကိုပြန်ဆွဲထားလိုက်သည်။

"သခင်မလေး ရေချိုးသန့်စင်လိုက်ပါဦး .. ဒီလိုပုံစံနဲ့သွားရင် လူတွေဝိုင်းရယ်ကြလိမ့်မယ်"

နန်းပေါင်ရီ ကြေးမုံထဲသို့ ကြည့်လိုက်မိသည်။

အဝတ်အစားများမှာ ဖရိုဖရဲဖြစ်နေပြီး ဆံထုံးမှာလည်းပြေကျနေကာ ဆံထိုးကလည်း စွေစောင်းနေသဖြင့် မြင်မကောင်း ရှုမကောင်းဖြစ်နေသည်။

သူမ ရှက်ကိုးရှက်ကန်းနှင့် နှာဖျားထိပ်ကိုပွတ်လိုက်မိသည်။

၂နာရီကြာပြီးနောက် သေသေချာချာဝတ်စားပြင်ဆင်ပြီးသည်နှင့် ဆုန်းဟယ့် ခြံသို့ထွက်သွားလေသည်။

ထူးခြားစွာပင် ဆုန်းဟယ့် ခြံထဲတွင် ဆွေမျိုးများစွာရောက်နေကြပြီး ဧည့်ခန်းထဲတွင်လည်း လူများနှင့် ပြည့်နှက်နေသည်။

နန်းပေါင်ရီ ဟိုကြည့်ဒီကြည့်နှင့် လိုက်ရှာပြီးနောက်တွင် ဘွားဘွားအနားကပ်ထိုင်နေသော ရှောင်းယီ ကို တွေ့လိုက်ရသည်။ သူ၏ပုံစံက တည်ကြည်လေးနက်ပြီး ဣ‌န္ဒြေအပြည့်နှင့် သူ့အနားရှိ ဆွေမျိုးများကို နှုတ်ဆက်စကားပြောဆိုနေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now