part 56

3.6K 467 21
                                    

unicode
အပိုင်း (၅၆)

နမ်းရှိုက်ခံရသည့် နှုတ်ခမ်းတစ်စုံ

အမျိုးသမီးတစ်ယောက်က ဆက်နားမထောင်နိုင်တော့ဘဲ သတိပေးလေသည်။

"သခင် ချန် အနောက်ကိုလည်း လှည့်ကြည့်ပါဦး"

"ဘာကြည့်စရာလိုသေးလို့လဲ ..."

သခင်မ ချန် က ခေါင်းလှည့်ပြီးကြည့်လိုက်အခါ မြင်ရသောမြင်ကွင်းကြောင့် တခဏ ကြက်သေသွားသည်။

အိပ်ရာပေါ်၌ ယောက်ျားကြီးတစ်ယောက်သာရှိသည်။

နန်းပေါင်ရုံ ဘယ်ရောက်သွားတာလဲ။

နန်းပေါင်ရုံ ကို လိမ်လည်၍ခေါ်လာရန် အိမ်ဖော်တစ်ယောက်ကို သူမအသေအချာ စေခိုင်းခဲ့သည်။

သခင်မများသည် အတွေ့အကြုံရင့်ကျက်နေပြီဖြစ်ပြီး အခုလိုချောက်တွန်းမည့်အကြံမျိုးကို မြင်တွေ့နေကြဖြစ်သောကြောင့် အဖြစ်အပျက်တို့ကို ချက်ချင်းသဘောပေါက်သွားလေ။

သခင်မတစ်ယောက်က ပြုံးလိုက်ပြီး ...

"သခင်မ ချန် ရဲ့မျက်လုံးတွေက တကယ်စူးရှတာပဲ မရှိတဲ့အရာကိုတောင် မြင်နိုင်တယ် ... ကျစ်... ရှင့်အရှေ့မှာတောင် ဖြတ်မလျှောက်ရဲတော့ဘူး တော်ကြာတစ်ခုခုမြင်သွားမှ ကျွန်မနာမည်ပျက်နေပါဦးမယ်၊ ဟုတ်တယ်မလား”

အခြားအမျိုးသမီးများလည်း ရယ်မိကြလေသည်။

သခင်မ ချန် ၏ မျက်နှာ ဖြူဖျော့သွားလေသည်။။

အစောက သူမပြောခဲ့သည်ကိုပြန်တွေးပြီး ကိုယ့်ကိုယ်ကို ပါးရိုက်လိုက်ချင်သည်။

သို့သော် ယခုနေရာရှိ အမျိုးသမီးများအားလုံးသည် ရှု တိုင်းပြည်၏ ဂုဏ်သရေရှိအသိုင်းအဝိုင်းထဲက ဖြစ်ကြသည်။ သူတို့အားလုံး၏ပါးစပ်များကို လိုက်ပိတ်ချင်ရင်တောင် သူမ မလုပ်နိုင်ပေ။

ထိုစကားများသာ သခင်မကြီး နန်း ၏နားသို့ ပေါက်ကြားသွားပါက သူတို့မိသားစုနှစ်ခု၏ဆက်ဆံရေးမှာ ပျက်စီးတော့မည်။

နန်း မိသားစုက လက်စားချေလာမည်ကို သူမ မကြောက်သော်လည်း နန်း မိသားစုသည် ရှုတိုင်းပြည် ကြွယ်ဝချမ်းသာမှု၏ အသက်သွေးကြောတစ်ခုဖြစ်‌သည်။ ထိုကဲ့သို့မိသားစုမျိုးနှင့် ရန်သူဖြစ်ရခြင်းသည် သိပ်တော့အခြေအနေမကောင်းလှ ....။

အာဃာတပြန်တမ်းWhere stories live. Discover now