part 79

3.3K 387 2
                                    

unicode

အပိုင်း (၇၉)

စာလေ့လာခြင်းဆိုတာ ရှိလို့လား

"ဟမ်း..."

နန်းပေါင်ရီ သူမနှာခေါင်းကို ရှက်ကိုးရှက်ကန်းနှင့် ပွတ်လိုက်ပြီး ...

"ညီမလေးက အစ်ကို့အကြောင်းကို စဉ်းစားမိလိုက်လို့ပါ .. ပြီးတော့ ရှချင်ချင် က အစ်ကို့ကို အမြဲနှောင့်ယှက်နေတာလေ ..."

နန်းပေါင်ရီ အပြစ်ရှိသူတစ်ယောက်ကဲ့သို့ ရှောင်းယီ ကို ကြည့်လိုက်ပြီး ရုတ်တရက် လက်ကိုဆွဲကာ ...

"အစ်ကို .. စစ်ပွဲက ကြောက်စရာကောင်းလားဟင် .. အစ်ကိုမြင်းပေါ်ကကျသွားသေးလား ဒဏ်ရာရော ရသေးလား .. စစ်ဖြစ်နေတဲ့အချိန် ခြေထောက်ကိုရိုက်ချိုးဖို့က အလွယ်ကူဆုံးလို့ ကြားဖူးတယ်"

ကလေးမလေးမှာ ရိုးသားစွာ ချစ်စရာကောင်းသည့်အပြင် သူမ၏မျက်ဝန်းများမှာလည်း စိုးရိမ်ပူပန်နေခြင်းတို့ဖြင့် ပြည့်နှက်နေသည်။

ရှောင်းယီ စိတ်အခြေအနေကောင်းနေသဖြင့် သူမလက်ကိုပြန်ကိုင်လိုက်ပြီး ...

"ငါက ဒဏ်ရာလွယ်လွယ်မရနိုင်ပါဘူး"

နန်းပေါင်ရီ လည်း နှစ်ခြိုက်စွာပြုံးရင်း ...

"ဒါပေါ့ ! အစ်ကို ၂က အားကြီးတဲ့သူရဲကောင်းတစ်ယောက်ပဲလေ"

ချီးမွမ်းခံရပြီးနောက် ရှောင်းယီ စိတ်မှာ ပို၍ကြည်လင်သွားလေသည်။

မောင်နှမနှစ်ယောက် ခြံထဲလမ်းလျှောက်နေစဉ် ပြီးခဲ့သည့်လပိုင်းအတွင်းက နန်း အိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို နန်းပေါင်ရီ က ပြန်လည်ပြောပြနေခဲ့ပြီး ရှောင်းယီ က သေချာအာရုံစိုက်နားထောင်နေခဲ့သည်။

သူမရေးသားသည့်စာအုပ်က ဈေးကွက်ထဲတွင် အလွန်ရောင်းကောင်းကြောင်း၊ အဘွားဖြစ်သူ၏ကျန်းမာရေးလည်း ကောင်းမွန်လာသည့်အကြောင်း၊ ကျောက်ဝမ် ခြံထဲမှ တည်သီးများအကြောင်း ပြောပြနေသည်။

ထိုအကြောင်းရာများမှာ အသေးအဖွဲများသာဖြစ်သော်လည်း သူမပြောသည့်အခါ အလွန်ကြီးကျယ်သော ကိစ္စရပ်များ ဖြစ်သွားရလေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now