part36

3.7K 470 4
                                    

unicode

အပိုင်း (၃၆)

နိမိတ်ကောင်း

နန်းပေါင်ကျူး အလွန်ကျေနပ်သွားသည်။

"ငါ့ညီမလေးလို့မပြောရဘူး တော်တော်ကြည့်တတ်တာပဲ .. ဒါက ပန်းပိုးတစ်လွှာဝတ်စုံလို့ ခေါ်တယ် တခြားဝတ်စုံတွေနဲ့ ခြားနားပြီး နေရောင်အောက်နဲ့ အရိပ်ထဲမှာဆိုရင်လည်း အရောင်မတူကြဘူး ... ငှက်နဲ့ပန်းတွေကိုလည်း ရွှေချည်နဲ့ သေချာလေး ထိုးထားတော့ အသက်ဝင်ပြီးရုပ်လုံးကြွသလိုဖြစ်နေတယ် .. မေမေကတောင် ဒါလေးကိုလှတယ်ဆိုပြီး စာတွေဖွဲ့ရင်းချီးကျူးနေတာ .. ဒီဝတ်စုံက တော်ဝင်မျိုးနွယ်ကသာတတ်နိုင်တဲ့ တန်ဖိုးအကြီးဆုံးပိုးထည်နဲ့ လုပ်ထားတာ"

သူမအလွန်နှစ်သက်နေသည်ကို နန်းပေါင်ရီ သိလိုက်သဖြင့် ပြုံးကာမေးလိုက်သည်။

"ကျူးကျူး လိုချင်လား"

"လိုချင်ပေမယ့် ဝတ်လို့မရဘူးလေ"

နန်းပေါင်ကျူး သူမခါးကိုကိုင်လိုက်ပြီး ...

"ချုပ်ဖို့က အထည်နည်းနည်းပဲရှိတော့ ငါ့အတွက် မလောက်တော့ဘူး .. ဟင်း ... ကျောင်းကျောင်း .. မမပိန်သွားပြီး ညီမလေးထက်ပိုလှလာတဲ့အခါ အထည်စတွေ အပြိုင်လိုက်လုမှာနော်"

နန်းပေါင်ရီ က နန်းပေါင်ကျူး ၏ ပါးမို့ကိုအသာဆွဲညှစ်လိုက်ပြီး ...

"ဝမ်းကွဲမမရဲ့ ခန္ဓာလုံးလုံးလေးက ကံကောင်းခြင်းတွေ အများကြီးရပြီး သာယာတဲ့ဘဝလေး ပိုင်ဆိုင်ရမယ်လို့ ဆိုလိုတာပဲလေ"

နန်းပေါင်ကျူး က ပျော်ရွှင်စွာဖက်လိုက်ပြီး ...

"ကျောင်းကျောင်း .. မမတို့ညီအစ်မ၂ယောက်လုံး ကံကောင်းကြမှာပါ"

.....

ကျင်ကွမ်း မြို့၏ နွေဦးရာသီပန်းပွဲတော်ကျင်းပသည့်ရက်ကို ရောက်လာလေသည်။ နွေဦး၏တောက်ပကြည်လင်သော မနက်ခင်းအချိန်တွင် နန်းပေါင်ရီ နေစက်ဝန်းကို မျက်နှာမူကာ ဥယျာဉ်ထဲမှတဆင့် ပျံ့နှံ့လာသော မွှေးရနံ့များကိုဝအောင်ရှူလိုက်ပြီး ရက်၂၀အတွင်း သူမလေ့လာထားခဲ့သမျှတို့ကို ပြန်လည်တွေးမှတ်နေလိုက်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now