part 118

2.9K 321 9
                                    

unicode

အပိုင်း (၁၁၈)

ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲ

“အဲ့ဒါက ငါ့ကို စိတ်ကသိကအောက် ဖြစ်စေတယ်”

နန်းပေါင်ရီက စိတ်လျှော့လိုက်ပြီး “ညီမလေးက ဖိအားမပေးပါဘူး၊ အစ်ကိုရဲ့ နောက်ခံအခြေအနေက အစ်ကို ၂ အတွက်သာ အရေးကြီးတာပါ”

အရင်ဘဝတုန်းက ရှောင်းယီသည် ဧကရာဇ်နန်းတော်တွင် ဆွေမျိုးများမရှိဘဲ တစ်ယောက်တည်း နေခဲ့တာဖြစ်သည်။

နန်းပေါင်ရီ ခန့်မှန်းကြည့်ရသလောက် သူ့၌ ဆွေမျိုးများနှင့် ပတ်သက်ပြီး သူ့ဇာတိမှာ  မကောင်းသည့် ကိစ္စတစ်ခု ရှိခဲ့ပုံပင်။ အဲ့ဒါကြောင့် သူတို့က အချင်းချင်း အသိအမှတ်ပြုဖို့ ငြင်းဆန်နေကြခြင်း ဖြစ်မည်။

သူက စွန့်ပစ်ခံ ကလေးတစ်ယောက်ဖြစ်ပြီး သူ၏ မွေးစားမိဘတွေက ပုံမှန်အတိုင်း ခေါ်ယူမွေးစားခဲ့သည်။ အမတ်မင်းသည် တကယ်တော့ သနားစရာ ကောင်းသူပင်။ နန်းပေါင်ရီသည် အတွေးဆုံးသည်နှင့် ရှောင်းယီ၏ လက်ချောင်းလေးများကို အလေးအနက် ထွေးဆုပ်လိုက်သည်။ ထို့နောက် သူမသည် ခေါင်းမော့လိုက်ပြီး ဖြူစင်ပြီး နူးညံ့သည့် မျက်နှာလေးနဲ့ ပြောလိုက်သည်။

“အစ်ကို ၂၊ ညီမလေးက အစ်ကို့အပေါ်  အခုထက် နှစ်ဆပိုပြီး ကောင်းပေးမယ်၊ အိမ်ရဲ့ နွေးထွေးမှုကို ညီမလေးက ရအောင် ဖန်တီးပေးမယ်”

ရှောင်းယီက စနောက်ပြုံးလိုက်ပြီး “ဘယ်လို ကောင်းပေးမှာလဲ?”

“အေးနေရင် ညီမလေးက အစ်ကို့အတွက် အဝတ်တွေ ထပ်ဝယ်ပေးမယ်၊ ဗိုက်ဆာနေရင် ကြက်စွပ်ပြုတ် ပူပူလေးတိုက်မယ်၊ နှစ်သစ်ကူးတိုင်းမှာ အစ်ကိုနဲ့အတူ ဘေးနားက ရှိနေပေးမယ်”

နန်းပေါင်ရီသည် သူမ၏ မျက်ခုံးတွေကို ပင့်လိုက်ပြီး “အစ်ကို ၂ က ညီမလေးကို မငြိုငြင်ရဘူးနော်”

ရှောင်းယီသည် တည်ငြိမ်စွာ ကြည့်နေသည်။ နန်းပေါင်ရီ၏ဘက်က မမြင်နိုင်သည့် တစ်ဖက်ကို လှည့်လိုက်ပြီး ပြုံးလိုက်သည်။

သူ့အိမ်သည် ခေါင်ရမ်းပန်းလေးက ထောက်ထားညှာတာ တတ်ပုံရသည်။ သူ၏ပျော်ရွှင်မှုတွေက အလဟဿ မဖြစ်ခဲ့ပါချေ။

အာဃာတပြန်တမ်းWhere stories live. Discover now