Part 188

2.4K 285 4
                                    

Unicode

အပိုင်း (၁၈၈)
ကျောင်းကျောင်းက ဘာလို့တုန်နေတာလဲ

ရှီးခူက ဓါးကိုယူပြီး တိတ်တဆိတ် ထွက်ခွာသွားသည်။

နန်းပေါင်ရီက ရှောင်းယီဘက်ကို လှည့်လိုက်ပြီး “အစ်ကို ၂၊ အစ်ကို ပဲနို့မြန်မြန်သောက်၊ အိမ်ပြန်ကြရ အောင်”

“အာ…..”

ရှောင်းယီက ပျင်းရိငြီးငွေ့စွာနဲ့ ပဲနို့ခွက်ကို ယူလိုက်သည်။ သူက မျက်ခုံးတွေိကို အသာအယာ သပ်လိုက်ပြီး မနှစ်သက်စွာနဲ့ တဒင်္ဂမျှကြည့်နေပြီး ဗလာသက်သက် ခံစားချက်နဲ့ မော့သောက်လိုက် သည်။

ပဲနို့က အလွန် ချိုအီနေသည်။ သူသောက်ပြီးတဲ့အခါ နှုတ်ခမ်း ပတ်လည်မှာ အဝိုင်းတစ်ဝိုင်း ကျန်နေခဲ့တာကို တွေ့ပြီး နန်းပေါင်ရီက မထိန်းနိုင်တော့ဘဲ ရယ်မောတော့သည်။

သူမက နှုတ်ခမ်းကို ညွှန်ပြပြီး “အစ်ကို ၂၊ ဒီမှာပဲနို့တွေပေနေတယ်”

ရှောင်းယီက မျက်ခုံးပင့်ပြီး ခေါင်းကိုငုံ့၍ သူမ၏ရှေ့ကို ငုံ့ကိုင်းကန့်လန့်ကာ “သုတ်ပေးလေ”

နန်းပေါင်ရီက လက်ကိုင်ပဝါ အသစ်ကို ထုတ်ယူလိုက်ပြီး သူ၏နှုတ်ခမ်းမှာ တင်ကျန်နေသည့် ပဲနို့တွေကို သုတ်ဖယ် ပေးလိုက်သည်။

နှစ်ယောက်သားက အလွန်နီးကပ် နေကြသည်။

သူမရှေ့က လူငယ်က ချောမောပြီး ယောက်ျား ပီသလှသည်။ အမြဲတမ်း ပေါ့ပေါ့ပါးပါးဟန် ရှိနေတတ်သည်။ ဇာမဏီ မျက်လုံးတွေ၏ အတွင်းနဲ့အပြင်က ညှို့အားပြင်းပြင်းနဲ့ သူမကို ရစ်ပတ်ထားသည်။ သူ၏မျက်စံတွေက သမုဒ္ဒရာထဲက အစက်လေး တစ်စက်လို နက်ရှိုင်းငြိတွယ်နေသည်။

သူ၏သွင်ပြင်က သူမကို ဖမ်းစားထားသလိုပင်။ ရက်စက် ကြမ်းတမ်းတဲ့ ဝံပုလွေတစ်ကောင်က စာဝါငှက် ကလေးကို စိုက်ကြည့်နေသကဲ့သို့။

နန်းပေါင်ရီ၏ သုတ်ပေးနေသည့် လက်တွေက တဖြည်းဖြည်း နှေးသွားသည်။ တခြားသူ တစ်ယောက်၏ နှုတ်ခမ်းကို သုတ်ပေးရတာက အလွန်ရင်းနှီးတဲ့ အပြုအမူတစ်ခု ဖြစ်ကြောင်းကို သူမသိသည်။

အာဃာတပြန်တမ်းWhere stories live. Discover now