Part 16

4.1K 568 14
                                    

အပိုင်း (၁၆)

ကလေးမအတွက် သကြားလုံးဘူး

နောက်တစ်နေ့ရောက်သောအခါ ထိုနေ့လေးသည် နေသာသောနွေဦးနေ့လေးတစ်နေ့ပင်။ နန်း အိမ်တော်ရှိ မုတန်းပန်းများမှာလည်း ဝေဝေဆာဆာပွင့်လန်းနေလျက်ရှိသည်။ ဥယျာဉ်ထဲတွင်လည်း ယွန်းဖြင့်ဆောက်လုပ်ထားပြီး အနီရောင်ခြယ်ထားကာ အခက်အနွယ်ပုံများထွင်းထားသော အဌဂံပုံလေသာဆောင်လည်း ရှိနေသည်။ ဝါးကန့်လန့်ကာတို့ကိုလည်း တစ်ဖက်စီတွင် ချိတ်ဆွဲထားပြီး တိုက်ခတ်နေသောလေပြေကလည်း ကန့်လန့်ကာလှစ်ဟနေပြီး လေသာဆောင်တွင်းရှိ ငယ်ရွယ်သောအလှတရားကို ဖော်ပြနေသယောင်ရှိနေသည်။

နန်းပေါင်ရီ ကျောက်စားပွဲရှေ့တွင်ထိုင်ပြီး ကိုယ့်လက်ရေးကို ပြန်ကြည့်နေသည်။ ရှောင်းယီ က သူမလက်ရေးကို ရုပ်ဆိုးသည်ဟုပြောပြီး လေ့လာရန်စာအုပ်တစ်အုပ်ပေးကာ စာမျက်နှာ၂၀ပြည့်သည်အထိ လေ့ကျင့်ရန်ပြောလေသည်။

စာအနည်းငယ်ရေးပြီးနောက် စုတ်တံကိုချကာ ခါးကို ပျင်းလေးဆွဲကာဆန့်လိုက်သည်။ ဟယ်ယဲ့ က လက်ဖက်ရည်နှင့် မုန့်အချိိုပွဲများယူလာပေးပြီး ပျော်ရွှင်အားရစွာပြုံးလိုက်သည်။

"သခင်မလေး စာရေးလေ့ကျင့်ရတာ ပင်ပန်းနေမှာပဲ ဒီမှာ သခင်မလေးအတွက် လက်ဖက်ရည်နဲ့မုန့်အချိုလေးတွေယူလာတယ် .. ဒါ သခင်လေးရဲ့လူ ယွိဝေ့ လုပ်ပေးထားတာ ကျွန်မမြည်းစမ်းကြည့်ပြီးပြီ အရမ်းစားကောင်းတာပဲ သခင်မကြီးရဲ့စားဖိုဆောင်ထက်တောင် ပိုပြီးလက်ရာကောင်းသေးတယ်"

နန်းပေါင်ရီ လက်တစ်ဖက်နှင့်မေးထောက်လိုက်ပြီး သူမခူးလာသောပျိုနီပန်းပွင့်လေးကို ဆော့ကစားရင်း ...

"ဟယ်ယဲ့ .. နင့်သခင်မလေးက အခုစာကြိုးစားတဲ့သူဖြစ်နေပြီ နောက်ဆိုမလိုအပ်ဘဲ စားစရာတွေမယူလာနဲ့ ငါအိမ်စာလုပ်နေတာ အာရုံပျက်လိမ့်မယ် ... အဲဒီအခါကျရင် အစ်ကို ၂ကို ဘယ်လိုရှင်းပြရတော့မလဲ"

အာဃာတပြန်တမ်းWhere stories live. Discover now