part 96

3.2K 365 9
                                    

unicode
အပိုင်း (၉၆)

ကျောင်းကျောင်းက သကြားလုံး ကြိုက်တယ်

ထိုအတွေးက သူမ၏စိတ်ကို မီးမောင်း ထိုးပြလိုက်သလိုပင်။ အရင်ကလည်း သူမ ထိုကဲ့သို့ တွေးဖူးခဲ့သည်။

ရှချင်ချင်သည် ကျယ်လောင်စွာ အော်ပြီး သူမကို လိုက်ဖမ်းနေသည်။ သူမကို ကြမ်းပြင်ပေါ်မှ ဆွဲထူလိုက်ပြီး ပါးကို အချက်ပေါင်းများစွာ ထပ်ရိုက်ပြန်သည်။ သူမက ခုခံကာကွယ်ဖို့ ကြိုးစားရင်း တောင်းပန်နေရင်း ရှချင်ချင်၏ နားနားကိုကပ်ပြီး တစ်စုံတစ်ခု တီးတိုး ပြောလိုက်သည်။ ရှချင်ချင်သည် သူမကို သံသယမျက်လုံးနဲ့ စိုက်ကြည့်လိုက်သည်။ သူမမှာ တိတ်တဆိတ် ခေါင်းညိတ် ပြလိုက်သည်။ ရှချင်ချင်သည် ဒေါသဖြစ်စွာ ပြောလိုက်သည်။

“အေး … အခုတော့ ငါနင့်ကို လွှတ်ပေးလိုက်မယ်၊ နင်ငါ့ကို လိမ်ရဲတယ်ဆိုရင် နင်ကို ငါ့လက်နဲ့ ငါကိုယ်တိုင် လည်ပင်းညှစ်ပြီး သတ်ပစ်မယ်”

ပြဇာတ်ကတော့ ကန့်လန့်ကာ ချသွားခဲ့ပြီ။ လူတိုင်းက ရှောင်းယီဘက်ကို လှည့်လာကြသည်။ ဒီဒုတိယအဆင့်အမတ် ဟန်ဆောင်သည့် အမှုကို သူဘယ်လို ဆုံးဖြတ်ပြီး အပြစ်ပေးမလဲ ဆိုတာကို သိချင်စိတ် ပြင်းပြနေကြသည်။ သို့သော်လည်း ရှောင်းယီသည် လက်ဖက်ရည်ကို ဖြည်းညင်းစွာ ဇိမ်ယူ သောက်နေရင်း နှုတ်ခမ်းထက်ရှိ အပြုံးက သွေဖယ်မသွားပေ။ 

ရှသခင်ကြီးမှာလည်း အရမ်း အနှောင့်အယှက် ဖြစ်နေရသည်။ ရှအိမ်တော်နဲ့ နန်းအိမ်တော်တို့ဟာ စီးပွားပြိုင်ဘက်များဖြစ်သည်။ ရှချင်ချင်၏ သွေးထိုးမှုကို နားယောင်မိပြီး နန်းအိမ်တော်ကို ဒုက္ခပေးဖို့အတွက် ပိုးစာရွက်တွေကို ဈေးကြီးကြီးပေးပြီး ဝယ်ထားမိသည်။ အခုတော့ ဒီအမှုကို အဆုံးအဖြတ်ပေးမည့် သူက နန်းမိသားစုက ရှောင်းယီဖြစ်နေသည်။

တစ်ကြိမ် ကျဆုံးရုံနဲ့ သူဟာ ရှအိမ်တော် တစ်ခုလုံးကို ဆုံးရှုံးရနိုင်သည်။ သူ၏ သမီးမိုက်က ဝမ်လင်နဲ့အတူ နေပြီးနေပြီ ဖြစ်တာကြောင့် သူ့ကို ရှအိမ်တော်က အိမ်သားတစ်ယောက်လို့ ရှောင်းယီက သတ်မှတ်မှာကို သူထိတ်လန့်နေသည်။ ဒီကိစ္စကိုအဆင်ပြေအောင် ရှောင်းယီကို ဘယ်လို လာဘ်ထိုးရမလဲဆိုတာ သူမသိ။ သူသည် ထိုအကြောင်းကို တွေးမိပြီး ရိုရိုသေသေပြုံးရင်း ပြောလိုက်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now