Part 50

3.7K 476 14
                                    

unicode
အပိုင်း (၅၀)

အရှိန်ပြင်းစွာ ရိုက်ခံရသည့် နန်းပေါင်ရီ

သခင်မ ချန် မှင်သက်သက်နှင့် ပုဝါကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ဖြစ်သွားသည်။

အမှန်တကယ်မှာ ထိမ်းမြားပွဲကို သူမ မဖျက်သိမ်းလိုပေ။

နန်းပေါင်ရုံ ၏ ခန်းဝင်ပစ္စည်းမှာ သူတို့မိသားစု၏ ဆယ်နှစ်စာ ဝင်ငွေထက် ပို၍များပြားကြွယ်ဝသဖြင့် ထိုသို့ကြီးမားသောအခွင့်အရေးကို ဘာကြောင့်များ လက်လွှတ်ခံရမှာလဲ။

ကျန်း မိသားစုကို အရှက်ရစေသည်ဟု သူမခံစားရပြီး သည်းမခံနိုင်တော့သည့်အပြင် သူမ၏လုပ်ပိုင်ခွင့်နှင့် နန်းပေါင်ရုံ ကို ဖိနှိပ်လိုသောကြောင့် အာဏာပြလိုက်ခြင်းဖြစ်သည်။

သို့သော် ထိုကလေး၂ယောက်ရောက်လာကြသဖြင့် အခြေအနေက ပြောင်းပြန်ဖြစ်သွားရလေသည်။

သူမ စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး ထိုင်ခုံပေါ်ထိုင်ကာ မဲ့ပြုံးပြုံးလိုက်ပြီး ...

"ဒါဖြင့် ဘာအကြောင်းပြချက်နဲ့ ဖျက်သိမ်းချင်ရတာလဲ"

နန်းပေါင်ရီ က အသံကျယ်စွာဖြင့် ...

"သခင်မကို မေးပါရစေ .. ကျောင်းသားတွေက တရားမျှတမှု၊ ရိုးသားဖြောင့်မတ်မှုနဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားကြတယ်မလား"

"ဒါပေါ့"

သခင်မ ချန် က မာန်ဝင့်စွာပြန်ဖြေလိုက်သည်။

"ဒါဆို သခင်မကို ထပ်မေးပါရစေ .. ကျောင်းသားတစ်ယောက်နဲ့ အစေခံတို့ တောအုပ်ထဲမှာ ကိုယ်လက်နှီးနှောနေခဲ့ကြတယ်ဆိုရင် ဘယ်လိုဆက်ဖြစ်မှာလဲ"

သခင်မ ချန် က မေးကိုမော့ရင်း ဆူပူလိုက်သည်။

"ရှက်စရာကောင်းပြီး လူ့ကျင့်ဝတ်ချိုးဖောက်တာပဲ ! ရေကန်ထဲမှာ ရေနစ်သတ်သင့်တယ် !"

နန်းပေါင်ရီ အသာပြုံးလိုက်ပြီး သူမယူလာသော ခါးပတ်နဲ့ ဆံထိုးကို စားပွဲပေါ်တင်လိုက်သည်။

"ကျွန်မနဲ့ အစ်ကို ၂တို့ လမ်းလျှောက်နေကြရင်း သခင်လေး ကျန်း နဲ့ သူ့ရဲ့ အစေခံတို့ တောအုပ်ကြားမှာ ကိုယ်လက်နှီးနှောနေကြတာကို မြင်ခဲ့ရတယ် .. ကျွန်မတို့ကိုတွေ့တော့ အလန့်တကြားနဲ့ ထွက်ပြေးသွားကြတယ်လေ ဒါချုံတွေကြားမှာ ကျကျန်ခဲ့တဲ့ သက်သေတွေပဲ .. အားလုံးစစ်ဆေးကြည့်ကြပါဦး"

အာဃာတပြန်တမ်းWhere stories live. Discover now