Part 191

2.3K 304 6
                                    

Unicode

အပိုင်း (၁၉၁)
အစ်ကို့ကို တွေ့ဖို့ထွက်လာတယ်ဆိုတဲ့ အတွေးနဲ့တင် ညီမလေးက ပျော်ရွှင်နေတာ

စာကြည့်ခန်းထဲက လေထုက ချက်ချင်း ပြောင်းလဲ သွားတော့သည်။

နန်းကျင်က သူ၏သွေးရောင် လွှမ်းနေသည့် မျက်လုံးတွေကို ပင့်လိုက်ပြီး အသံနက်နက်နဲ့ ပြောသည်။

“ရှောင်းယီ၊ အပိုတွေ လုပ်မနေနဲ့၊ မင်းနဲ့ငါက ပြေးလမ်း တစ်ခုတည်းပေါ်က ညီအစ်ကိုတွေပဲ၊ မင်းကိုလည်း နန်းမိသားစုက ပြုစုပျိုးထောင်ပေးခဲ့တာ၊ ငါ့ကို ထောက်ပံ့ပေးဖို့က မင်းအလုပ် မဟုတ်ဘူးလား”

ရှောင်းယီက တည်ငြိမ်လှသည်။

“အဖေ၊ သူ့ကိုကြည့် သူက ကျွန်တော့်ကို ကူညီဖို့ စိတ်ကူးလုံးဝမရှိဘူး”

နန်းကျင်က မနှစ်မြို့ဟန်နဲ့ “ရှောင်းယီက အဖေ့ထက် အငယ်ဆို အဖေ့စကားကို နားထောင်မှာဆို၊ သူက အဖေ့ကို မျက်လုံးထဲတောင် မရှိဘူး၊ တတိယ ဦးလေးအပေါ် သူ့နောက်က အစေခံလောက်တောင် ကောင်းမပေးနိုင်ဘူး၊ ကောင်းပြီလေ၊ လူတွေက ကျွန်တော့်ကို စက်ဆုပ် ရွံရှာသလို ဆက်ဆံခံရမှာထက် သေလိုက်တာက ပိုကောင်းသေးတယ်”

သူက ထထွက်သွားတော့သည်။

နန်းကွမ်က သူ့ကို အမြန်တားလိုက်ပြီး နှစ်သိမ့်လိုက်သည်။


“ကျင်းအာ၊ စိတ်မပူပါနဲ့၊ စိတ်မပူနဲ့”

သူက ရှောင်းယီဘက်ကို လှည့်လိုက်ပြီး အပြုံးဖြစ်သည်ဆိုရုံမျှ ဖျစ်ညှစ်ပြုံးလိုက်ရင်း “ငါ့တူလေး၊ ဆွေးနွေးကြည့်ကြရအောင်၊ အဲ့ဒါက တကယ် မဖြစ်နိုင်ဘူး၊ ကျင်းအာအတွက် ဦးလေးက အလွန်အကျွံ အရိုအသေ ပေးရမယ် ဆိုရင်လည်း ရပါတယ်၊ ဦးလေးက သူ့အဖေပဲ၊ သူက ဦးလေးရဲ့ သွေးသားဆိုတော့ အတူတူပဲလေ”

ရှောင်းယီက လက်ထဲမှာ အကြွေစေ့လေးကို လှည့်ပတ် ကစားနေပြီး နှုတ်ခမ်းပါးတွေက လှောင်ပြုံးပြုံး လိုက်သည်။ သူ၏ပုံစံက မပြောင်းမလဲ တည်ငြိမ်လျက်ပင်။

နန်းကွမ်က မျက်လုံးတွေကို အောက်စိုက်လိုက်ပြီး အချိန်အကြာကြီး သက်ပြင်း ရှည်ချလိုက်သည်။ သူက ဝတ်ရုံကိုဖွင့်ပြီး ကြမ်းပြင်ပေါ်မှာ ဒူးထောက်ဖို့ ပြင်လိုက်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now