Part 58

3.6K 447 10
                                    

unicode

အပိုင်း (၅၈)

ဝက်ဝံမွေးချင်သူ

ရှောင်းယီ က သူ့မျက်လုံးများကို လက်ဖြင့်ကာလိုက်ပြီး ကျောပေးကာ အော်ပြောလိုက်သည်။

"နန်းပေါင်ရီ မင်းဘာလုပ်နေတာလဲ !"

“အစ်ကို ၂ !... ဒီဝက်ဝံက ညီမလေး လှမှန်းသိလို့ လာခိုးကြည့်နေတာ... သူ့ကိုမောင်းထုတ်လိုက် !"

ဝက်ဝံကြီးမှာ ရိုးအအနှင့် ချစ်စရာကောင်းနေပြီး အကာနံရံပေါ်မှ အောက်သို့ဆင်းရန်ကိုပင် အတင်း ရုန်းကန်နေရသည်။

ဝက်ဝံက ရန်ပြုလိုစိတ်မရှိမှန်း သိသဖြင့် ရှောင်းယီ သွားမထိပေ။

ထို့နောက် သူ့အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး နန်းပေါင်ရီ ၏ ခန္ဓာကိုယ်လေးကို အမြန်ပတ်ပေးလိုက်ကာ  ရေအိုင်ထဲမှ ဆွဲတင်လိုက်သည်။

ကလေးမလေး၏ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ကျစ်လျစ်ပြီး ထွက်ပြူခါစ မိုးမခအပင်ပေါက်လေးနှင့် တူနေပြီး ဖူးသစ်စအပွင့်လေးကဲ့သို့ သိမ်မွေ့ကာ ချစ်စရာကောင်းလှသည်။

ရှောင်းယီ က လူရှင်းသောလမ်းမှတစ်ဆင့် နားခိုသောနေရာသို့လျှောက်သွားရာတွင် ရှေ့တည့်တည့်သို့သာစိုက်ကြည့်သွားသည်။

ကလေးမလေးကိုကိုင်ထားသော လက်ဖျားများမှ ပူလောင်မှုကို ခံစားနေရပြီး ထိုအပူမှာ ဖျားနာခြင်းကြောင့် ကိုယ်တွင်းမှလှိုက်တက်လာသော အပူပင်ဖြစ်လေသည်။

နှစ်ပေါင်းများစွာ မျိုသိပ်ထားသောခံစားချက်များသည် ယခုမှ လျှင်မြန်စွာ ပွင့်ထွက်လာပြီး သူ့နှလုံးသားတစ်ခုလုံး၌ နေရာယူသွားလေပြီ။

ထိုခံစားချက်သည် မည်သည့်ခံစားချက်ဖြစ်သည်ကို ရှောင်းယီ ရှင်းရှင်းလင်းလင်း မပြောတတ်သော်လည်း တခြားသူများအား ပြောပြ၍မဖြစ်ကြောင်း၊ ရင်ထဲမှာသာ သိမ်းဆည်းထားရမည့်အပြင် ယနေ့မှစ၍လည်း ဘဝတစ်လျှောက်လုံး နေ့နေ့ညည တောင့်ခံပြီး ရင်ထဲမှာသာ သိုဝှက်ထားရတော့မည်မှန်း သူနားလည်သည်။

ထိုကဲ့သို့သော ခံစားချက်မျိုးကို ဒီလောကကြီးက ခွင့်ပြုထားခြင်းမရှိပေ။

အာဃာတပြန်တမ်းWhere stories live. Discover now