part 107

2.9K 307 16
                                    

unicode

အပိုင်း (၁၀၇)

အစ်ကို ၂ ညီမလေး၏ပြဿနာတွေကို ဖြေရှင်းပေးပါ

နန်းပေါင်ရီသည် ဆုန်းဟယ့်ခြံကို လမ်းလျှောက် ပြန်သွားခဲ့သည်။ စင်္ကြံလမ်း၏ အပြင်ဘက်၌ ဆောင်းဦးမိုးစက်များက ပက်ဖြန်းနေပြီး မိုးစက်တွေ၏ စည်းချက်ကျသည့် အသံကို ကြားနေရသည်။ သူမကို ဟယ်ယဲ့က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

“သခင်မလေး၊ နန်းယန်က အခုပဲပြောတယ်၊ ရှချင်ချင်းတို့ မိသားစုကို သူအိမ်ထဲကနေ အိမ်အပြင် မထွက်ရဘဲနဲ့တောင် ဖျက်ဆီး ပစ်နိုင်တယ်တဲ့ဆို၊ ရှမိသားစုက ရှုနိုင်ငံက ဆွေကြီးမျိုးကြီးတွေလေ၊ နန်းယန်က မိန်းကလေး ငယ်လေးအရွယ်ပဲ ရှိသေးတာကို၊ သူလေလုံးထွားနေတာပဲ ဖြစ်ရမယ်”

နန်းပေါင်ရီက ပြုံးလိုက်ပြီး “သူက အရမ်း ဉာဏ်ကောင်းတယ်။ သူငါ့ရှေ့မှာ ပြောထားတဲ့ စကားကို သူဖြစ်အောင် လုပ်မှာသေချာတယ်။ သူသာဖြစ်အောင် လုပ်နိုင်မယ်ဆိုရင် ငါက သူ့လက်ကိုငှားပြီး တခြားသူကို ရိုက်လိုက်သလိုပဲလေ။ အစီအစဉ် အားလုံးက ငါ့လက်ထဲမှာပဲ”

ဟယ်ယဲ့က ပြန်ပြောလိုက်သည်။

“ဟုတ်တယ်။ နန်းယန်ရော ရှချင်ချင်ပါ ဒီတိုက်ပွဲမှာ ရှုံးစေရမယ်”

နန်းပေါင်ရီသည် သူမ၏ အိပ်ခန်းသို့ ပြန်သွားပြီး မုတန်းပန်းပင်ကို ငေးကြည့် နေပြန်သည်။

“ဘွန်ဇိုင်းပင်တွေကို ပုံဖော်ဖို့ လိုတယ်လို့ ပြောကြတာပဲ။ အမတ်မင်းက ဒီပန်းပင်ကို ဂရုလည်း မစိုက်ဘူး။ ဒီလောက် ရှုပ်ပွ‌နေတာ ကြည့်ပါဦး။ မျက်စိထဲ အမြင်မလှဘူး။ သူငါ့ကို ငှားပေးလိုက်တဲ့ ကျေးဇူးကိုထောက်ပြီး ငါသူ့အတွက် ပုံဖော်ပေးလိုက်မယ်။ သူရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်တဲ့ လက်ဆောင်ပေါ့”

သူမက ကတ်ကြေးကို ယူလိုက်ပြီး ဘယ်ကနေညာအတိုင်း သူမ၏စိတ်ကူးနဲ့ ပုံဖော်တော့သည်။ ဒါပေမယ့် သေသပ်သည့် လက်ရာတော့ ထွက်မလာပါချေ။ သူမသည် စဉ်းစားလိုက်ပြီး ညာကနေဘယ်ကို ထပ်ညှပ်ပြန်သည်။ အပင်၏ အခြေအနေက ပိုပိုပြီးဆိုးလာတော့သည်။

အာဃာတပြန်တမ်းWhere stories live. Discover now