Part 193

2.2K 265 4
                                    

Unicode
အပိုင်း (၁၉၃)
ငါသူ့ကိုအနိုင်ကျင့်ချင်တယ်၊ ငိုသွားတဲ့အထိကို အနိုင်ကျင့်ပစ်ချင်တာ

ဟောင်လောင်ကျူးက ပျော်ရွှင်စွာနဲ့ စာကြည့်ခန်းထဲကို ဝင်လာသည်။

သူက လက်ကို ကွေးညွှတ်လိုက်ပြီး “ဘုရင်ခံချန်း၊ ကျွန်တော်က နှစ်သစ်ဂါရဝပြုဖို့ လာခဲ့တာပါ၊ ဒါက အနှစ်နှစ်ထောင် ဂျင်ဆင်းပါ၊ မရိုမသေ ဒီသေတ္တာကတော့ ရွှေချောင်းတွေပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ”

တိုင်းပြည်၏ မြင့်မားသော ရာထူးရှိသည့် သူတွေက ဆင့်ခေါ်တာကို သူဘယ်တုန်းကမှ မခံခဲ့ရဖူးပေ၊ ဘုရင်ခံချန်းက သူ့ကိုထိုင်ဖို့ လက်ဟန်ပြလိုက်သည်။ သူက ပါးစပ်နားရွက်ချိတ်မတတ် ပြုံးရင်း ပျော်ရွှင်နေ တော့သည်။

ဘုရင်ခံချန်းက အရာရှိထိုင်ခုံမှာ ထိုင်လိုက်ပြီး ဝတ်စုံကို ဖြန့်ရင်း “မင်းက ရွှေငွေအပြည့် ကျောက်စိမ်း စံအိမ်မှာ အမတ်မင်းနဲ့ ပြဿနာ တက်တယ်လို့ ငါကိုယ်တော် ကြားမိတယ်”

“အဲ့ဒါက …..”

ဟောင်လောင်ကျူးက နေရခက်စွာနဲ့ မျက်နှာကို ထိနေပြီး “ဘုရင်ခံချန်း၊ ကျွန်တော်မျိုးက သူ့ကို စော်ကားမိဖို့ တကယ် ရည်ရွယ်တာ မဟုတ်ရပါဘူး၊ နောက်တော့ ကျွန်တော်တို့ ပြန်ပြီး သင့်မြတ်သွား ပါတယ်၊ သူက ကျွန်တော်မျိုးဆီကို လူတစ်ယောက် လွှတ်ပြီး စီးပွားရေးကိစ္စတွေ ဆွေးနွေးတာပါ”

ဘုရင်ခံချန်းက အနည်းငယ် ပြုံးဟန်စွက်ရင်း “မင်းနဲ့အမတ်မင်းရဲ့ အကြောင်းကို ငါသိပြီးပါပြီ၊ သူက မင်းရဲ့ အစေခံမ ချောချောလေးကိုတောင် သတ်လိုက်တယ်ဆို၊ ဒီလိုလူမျိုးက မင်းနဲ့ပြန်ပြီး သင့်မြတ်သွားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”

ဟောင်လောင်ကျူးက တောင့်ခဲသွားတော့သည်။

ဘုရင်ခံချန်းက ဆက်ပြောလာသည်။

“မင်းနဲ့ စီးပွားရေး လုပ်ချင်တယ် ဆိုတာက ဟန်ပြပဲ၊ မင်းအကြောင်းကို အသေးစိတ် စုံစမ်းချင်တာကမှ တကယ့် အကြောင်းအရင်းပဲ၊ ဒါပေမယ့် သူသာမင်းရဲ့ လုပ်ငန်းအသေးစိတ်ကို သိသွားရင် မင်း ဟောင်လောင်ကျူးက မြေပြင်ပေါ်မှာ ရပ်နေဖို့ အချိန်မရှိတော့မှာကို ငါစိုးရိမ်မိတယ်”

အာဃာတပြန်တမ်းWhere stories live. Discover now