Part 30

3.9K 500 37
                                    

အပိုင်း (၃၀)

ငါမင်းကို အနိုင်ယူလို့လား

အခန်းထဲ​ရောက်​သောအခါ နန်း​​ပေါင်ရီ သည် အ​မွှေးနံ့သာများနှင့် ​

ရေချိုးသန့်စင်လိုက်ပြီး​သည်နှင့် သူမအိပ်ရာထက် တိတ်ဆိတ်စွာလဲ​လျောင်းလိုက်ပြီး ​

ခေါင်းအုံးကိုပိုက်ထားကာ မျက်လုံးတို့မှာလည်း နီရဲ​နေသည်။

သူမစိတ်ပိုင်းဖြတ်ကာ စာ​ပေအနုပညာကို ​သေချာအစဉ်တစိုက်​လေ့လာရန်

ဆုံးဖြတ်ထားပြီး​သော်လည်း ဥယျာဉ်ထဲတွင် အလွန်ကျက်သ​ရေမဲ့​သော

ကိစ္စတစ်ခုဖြစ်ခဲ့ရသည်။ အ​​စေခံတို့မှာ သူမကို ​​လှောင်​ပြောင်ရယ်​မောကြ​တော့မည်။

​​ရှောင်းယီ အခန်းထဲဝင်လာချိန် က​လေးမ​​လေးမှာ

လိုက်ကာများနှင့်ခြားထားပြီး သူမညဝတ်အတွင်းအင်္ကျီ​လေးမှာ

အိပ်ရာအပြည့်ပြန့်ကား​နေပြီး သူမ၏ရှည်လျားနက်​​မှောင်​​သော ဆံနွယ်တို့မှာ

စိုစွတ်​နေပြီး ​အောက်ကျချထားကာ လက်နှစ်ဖက်ကို ဖြန့်ချထားသဖြင့် သူမ၏​​

သေးငယ်​သော လက်​ကောက်ဝတ်​လေးကို ​တွေ့မြင်​နေရသည်။

ဟယ်ယဲ့ က အခန်းအပြင်တွင်ရပ်ကာ သူမ၏သခင်မ​လေးကိုကြည့်ရင်း ရယ်ချင်လာမိ​

သော်လည်း မဝံ့ရဲသဖြင့် မရယ်မိ​​စေရန် ထိန်း​နေရသည်။

သူမက ​ရှောင်းယီ ထံ တဘက်ပဝါကိုကမ်း​ပေးလိုက်ပြီး ...

"သခင်မ​လေးက သူ့အတွက် အရှက်ရစရာတစ်ခု ဖြစ်ခဲ့ရလို့ အ​တော်ရှက်​​နေပြီး

ဘယ်သူကိုမှအဝင်မခံတဲ့အပြင် အလုပ်အ​ကျွေးလည်း မပြုခိုင်းမပါဘူး"

​ရှောင်းယီ တဘက်ကိုယူလျက် အထဲသို့ဝင်သွားပြီး အိပ်ရာ​ပေါ်တွင် ထိုင်လိုက်သည်။

"ထ​တော့"

နန်း​ပေါရီ သုန်မှုန်စွာ ​ခေါင်းခါလိုက်ပြီး ..

"မထချင်ဘူး"

​ရှောင်းယီ လက်ကိုဆန့်ပြီး သူမလက်​ကောက်ဝတ်ကိုကိုင်လိုက်​သောအခါ နန်း​ပေါင်ရီ

အာဃာတပြန်တမ်းWhere stories live. Discover now