part 180

2.3K 291 4
                                    

Unicode

အပိုင်း (၁၈၀)
အကြွေးအတွက် လူကိုသိမ်းလို့ရတာပဲ

ရှောင်းယီ၏ ကိုယ်ပိုင်ငွေစုစာအုပ်ကို သူမ ဖတ်ကြည့်ဖူးသည်လေ။

စာအုပ်ထဲက ငွေပမာဏက တစ်သန်းကျော်မှာ ရှိသည်။ အားလုံးကို ကောက်ပဲသီးနှံဝယ်ပြီး လက်ထဲမှာ သိုလှောင်ထားလိုက်ရင် ရှုနိုင်ငံမှာ နောက်နှစ်အတွင်း ငတ်မွတ်ခေါင်းပါးမှု မရှိနိုင်တော့ပေ။

သန်းနဲ့ချီတဲ့ ရွှေစတွေမှသာ ကောက်ပဲသီးနှံတွေဝယ်ယူဖို့ လုံလောက်လိမ့်မည်။

အစေခံတွေ ထွက်သွားတဲ့အခါ နန်းပေါင်ရီက မဝံ့မရဲနဲ့ “အစ်ကို ၂၊ ညီမလေးကို ဒီလောက်တောင် ယုံတယ်လား ညီမလေးက နက္ခတ်တာရာတွေလည်း မကြည့်တတ်သလို အနာဂတ်ကိုလည်း ကြိုမဟောနိုင်ဘူးလေ၊ တကယ်လို့ နောက်နှစ်နွေရာသီမှာ ဘာပြဿနာမှ မရှိခဲ့ဘူးဆိုရင်…..”

ရှောင်းယီက ဂရုမစိုက်ပါချေ။

နောက်နှစ်နွေရာသီ မိုးခေါင်ရေရှားမဲ့ အကြောင်းကို ပြောနေစဉ်မှာ ကောင်မလေး၏ အမူအယာဟာ ဘယ်လောက်တောင် ကြောက်ရွံ့နေပြီး စိတ်ပူပင်သောက ရောက်နေလဲ ဆိုတာကို ကောင်မလေးက သူ့ကိုယ်သူ ပြန်မမြင်ခဲ့ပါချေ။

ကောင်မလေးက ချက်ချင်း ငိုချတော့မလို ပုံစံဖြစ်နေတာကြောင့်  သူက ကောက်ပဲသီးနှံတွေ စုဆောင်းဖို့ကို လုံးဝ သံသယမရှိပါချေ။

သူက ကောင်မလေး၏ ခေါင်းလေးကို ထိကိုင်လိုက်ပြီး “ငါပြောခဲ့တယ်လေ၊ နန်းကျောင်းကျောင်း ဘာပဲပြောပြော အားလုံးကို ယုံတယ်လို့၊ အဲ့ဒါဆိုရင် ရှုနိုင်ငံက ငါ့တစ်ယောက်တည်းရဲ့ အားနဲ့ ငတ်မွတ်ခေါင်းပါးပြီး သေကြေပျက်စီးမှုတွေ ရှိမလာနိုင်တော့ဘူး”

ပြတင်းအပြင်ဘက်မှာတော့ လေပြည်ညင်းများက နှင်းစက်တွေကို ဆောင်ယူလာခဲ့သည်။

မှန်မီးအိမ်၏ အလင်းရောင် အောက်မှာ ထိုင်နေသည့် လူငယ်က ဖန်ဆင်းရှင်၏ အထူးလက်ဆောင် တစ်ခုလို အချိုးအဆစ်တို့က ပြေပြစ်စွာ ထုဆစ်ထားပြီး ကျောက်စိမ်းလို မြင့်မြတ်တဲ့ အသရေနဲ့ ထူးမြတ်တဲ့ သွင်ပြင် လက္ခဏာရှိသည်။

အာဃာတပြန်တမ်းWhere stories live. Discover now