Part 22

4.1K 490 4
                                    

အပိုင်း (၂၂)

ဟန်များသည့်အမတ်လောင်း

နန်းကွမ်၊ လျိုရှောင်မုံ့ နှင့် နန်းယန် တို့မှာ အလွန်ရှက်လာသဖြင့် မျက်နှာများပင် နီရဲသွားလေသည်။ သူတို့၏ဘဝတွင် ယခုကဲ့သို့ အရှက်တကွဲဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

နန်းပေါင်ရီ လည်း ဖရုံစေ့များထိုင်စားနေပြီး နှုတ်ခမ်းခြောက်လာသဖြင့် ရှောင်းယီ ကမ်းပေးသော လက်ဖက်ရည်ခွက်ကို ယူသောက်လိုက်သည်။ သူမ၏တောက်ပသောမျက်လုံးကို အသာပင့်တင်ကြည့်လိုက်ပြီး နွေးထွေးစွာပြောလေသည်။

"နန်း အိမ်တော် က သဘာဝကျကျ ကောင်းမွန်တာတွေပဲ လုပ်ကြတဲ့သူတွေပါ ... သခင်မ လျို က သင့်ရဲ့မိန်းမလို့ပြောနေတာ သက်သေပြစရာရှိရဲ့လား"

နျိုစန်း က မကျလာခဲ့သည့်မျက်ရည်များကို ဟန်ဆောင်သုတ်လိုက်ပြီး နန်းပေါင်ရီ ကို ချီးမွမ်းလိုက်သည်။

"နန်း မိသားစုထဲမှာ သခင်မလေးကပိုပြီး အကောင်းမွန်ဆုံးလို့ ကျွန်တော်မြင်ပါတယ် .. တကယ်ကောင်းတဲ့သခင်မလေးပါပဲ"

နျိုစန်း သူ၏အိတ်ထဲမှာ စာချုပ်ကိုထုတ်ပြလိုက်သည်။

"ဒီမှာ အဖြူအမည်းကွဲအောင် ရှင်းရှင်းလင်းလင်းရေးထားတဲ့ လျိုရှောင်မုံ့ ရဲ့ စာချုပ်ပဲ ... လျိုရှောင်မုံ့ က ကျုပ်ရဲ့မိန်းမဗျ !! အခု တတိယသခင် နန်း က သူ့ကို လုယူနေတာမဟုတ်ဘူးလား"

နန်းပေါင်ရီ လည်း ခေါင်းညိတ်ပြလိုက်သည်။

"သေချာရှင်းအောင်ရေးထားတာပဲ"

နျိုစန်း လည်း ဧည့်သည်များကို စာချုပ်လိုက်ပြနေနေသည်။

"အားလုံးပဲ စဉ်းစားကြည့်ပါတော့ .. လျိုရှောင်မုံ့ က ကျုပ်ရဲ့မိန်းမ ဟုတ်လားမဟုတ်လားဆိုတာ"

ဧည့်သည်များလည်း အံ့အားသင့်ကုန်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now