Part 21

4.1K 504 5
                                    

အပိုင်း (၂၁)

အရှက်ရဖွယ် မင်္ဂလာပွဲ (၃)

လျိုရှောင်မုံ့ က သူမကိုယ်သူမ တတိယသခင် နန်း အဖြစ် အဆင့်မြင့်အထက်တန်းကျသည်ဟု မှတ်ယူထားသည်။ ရှောင်းယီ ကဲ့သို့ အစေခံအဆင့်ပင်မရှိသော မွေးစားသားတစ်ယောက်က သူမကို ဘာကြောင့်များ ဒီလိုဆက်ဆံရဲတာလဲ။ သူမသည် ထိုအခွင့်အရေးကိုအသုံးချပြီး နန်း အိမ်တော်တွင် သူမသည် အခုချိန်မှစ၍ သခင်မတစ်ယောက်ဖြစ်ကြောင်းနှင့် လုပ်ပိုင်ခွင့်တို့ကို အစေခံများလည်း သိစေရန် အာဏာပြရန်တွေးလိုက်သည်။

သူမစကားမပြောရခင်အချိန်မှာပင် အသက်ကြီးယောင်ရှိသောအသံတစ်သံ ထွက်လာသည်။

"နင်တို့တွေ မဟုတ်ကဟုတ်ကအကြောင်းပြချက်တွေနဲ့ ပြဿနာရှာနေကြတာ ငါသေပြီလို့ထင်နေကြတာလား !"

ခန်းမထဲရှိလူများ လှည့်ကြည့်လိုက်သည့်အခါ ဟယ်ယဲ့ က သခင်မကြီး၏လက်ကို ထိန်းကိုင်ပေးရင်း ခန်းမထဲသို့ ဝင်လာသည်။ နန်းပေါင်ရီ လည်း အနားသွားကာ ကူပေးလေသည်။

"ဘွားဘွား ရောက်လာပြီ"

"တကယ်လို့ ဘွားဘွားသာမရောက်လာရင် အိမ်တော်ကြီးက ဒီမကောင်းဆိုးဝါးတွေနဲ့ ရှုပ်ပွကုန်လိမ့်မယ်"

သခင်မကြီးက သူမ၏ထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီး မျက်နှာမှာ အလိုမကျ ဒေါသဖြစ်နေသည်။

နန်းကွမ် သည်လည်း မကောင်းဆိုးဝါးများ၏ အပြောခံရသောကြောင့် မျက်နှာပျက်ယွင်းနေသည်။ သူသည် အသက်၄၀ခန့်သာရှိသေးပြီး သူချစ်ရသော ရှောင်မုံ့ မှာ ၄၀မပြည့်သေးသည့်အပြင် လှပသိမ်မွေ့နေသည်။

လျိုရှောင်မုံ့ ဦးညွှတ်အရိုအသေပြုပြီး ....

"မေမေ .. ဒီနေ့ဖြစ်ရတာ ရှောင်းယီ အမှား.."

သခင်မကြီးက ဂရုမစိုက်ဘဲ သူမစကားကိုဖြတ်ပြောလေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now