Part 192

2.2K 252 6
                                    

Unicode
အပိုင်း (၁၉၂)
အစ်ကို ၂ ရဲ့ ရက်စက်ကြမ်းတမ်းမှုက လုံခြုံမှုကို ပေးစွမ်းနိုင်တယ်

ရှောင်းယီက နှုတ်ခမ်းတွေကိုပိတ်ပြီး ပြုံးလိုက်သည်။

သူ၏မျက်လုံးထဲက လိုတာထက်ပိုတဲ့ ဂရုစိုက် မြတ်နိုးခြင်းတွေက လျှံကျမတတ်ပင်။ သူက နန်းပေါင်ရီ၏ လက်လေးကို ဆုပ်ကိုင်လိုက်ပြီး ရှန်းရိချောင် သူတို့ကို ကြည့်နေတာကို မျက်ဝန်းထောင့်စွန်းမှာ ရိပ်ခနဲ မြင်လိုက်သည်။

သူက လေသံသဲ့သဲ့ပြုပြီး “ဟိုဘက်အခန်းကို သွားပြီး စာရင်းသွားတွက်နေ”

“ကျွန်တော် ရက်တွေ အကြာကြီး အလုပ်များပြီးပြီ၊ အခုက အနားယူမဲ့အချိန်ပဲ”

ရှန်းရိချောင်က ပြန်လည် ချေပလိုက်သည်။

သူက အရူးတစ်ယောက် မဟုတ်ပါချေ။ ဘာကြောင့် ရှောင်းယီကတော့ နန်းအိမ်က ကောင်မလေးနဲ့ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးနေပြီး သူကတော့ တစ်ယောက်တည်း စာရင်းတွေကို ထိုင်စစ် နေရမည်တဲ့လဲ။

ရှောင်းယီ၏ အေးခဲနေသည့် အမူအရာကို ကြည့်ပြီး ရှန်းရိချောင်က ထပ်ဖြည့် ပြောလိုက်သည်။

“ကျွန်တော် မနက်က အိပ်ရာနိုးတော့ ပထမဆုံး မြင်ချင်တဲ့သူက ဝမ်းကွဲအစ်ကိုပဲ၊ အကြောင်းပြချက် မရှိဘဲ ဝမ်းကွဲအစ်ကိုဆီကို လာဖို့ တွေးလိုက်တာနဲ့တင်‌ ပျော်လာတာ”

ရှောင်းယီက အမူအရာ မဲ့သွားပြီး “ငွေစာရင်းတွေကို သွားစစ်နေမလား ဒါမှမဟုတ် မြေအောက် အကျဉ်းထောင်မှာ နှိပ်စက်ခံမလား”

ရှန်းရိချောင်က စိတ်ပျက်စွာနဲ့ တစ်ပေအမြင့်ရှိတဲ့ ထူထဲလှတဲ့ စာရင်းစာအုပ်ကို ကိုင်လိုက်သည်။ သူက စာကြည့်ခန်း၏ အပြင်ကို လျှောက်ထွက် သွားတဲ့အခါ သူက ခေါင်းကိုလှည့်ပြီး ကြိုးစားကြည့်လိုက် သေးသည်။

“အစ်ကို ၂”

“ထွက်သွား”

ရှန်းရိချောင်က ထုံပေပေနဲ့ ထွက်သွားတော့သည်။

နန်းပေါင်ရီနဲ့ ရှောင်းယီက ပြတင်းနားက ထိုင်ဖုံပေါ်မှာ ထိုင်လိုက်ကြသည်။

အာဃာတပြန်တမ်းWhere stories live. Discover now