part82

3.3K 389 5
                                    

unicode
အပိုင်း (၈၂)

အရှက်မဲ့သောအမတ်လောင်း

စုန့်ရှစ်နင် က သူချစ်ရသူ ပြန်ပြောမည်ကို အချိန်အတော်ကြာစောင့်ပြီးနောက် စိုးရိမ်စွာဖြင့် ရှေ့သို့နှစ်လှမ်းတိုးကာ

"ရုံအာ ..."

သူမအား စိတ်အနှောက်အယှက်ပြုမိမည်ကို စိတ်ပူသဖြင့် ‌ခြေလှမ်းများကို ရပ်လိုက်သည်။

သူ့မျက်ဝန်းများက အသေအချာမျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နေပြီး ရဲရဲတင်းတင်းမေးလိုက်သည်။

"ရုံအာ .. ဒီလတွေမှာ မင်းကိုယ့်ကို မလွမ်းဘူးလား"

စုန့်ရှစ်နင် အလောသုံးဆယ်မလုပ်ရဲသဖြင့် သူမ၏အဖြေကို စိတ်ရှည်စွာ စောင့်နေရှာသည်။ အချိန်အတော်ကြာပြီးနောက် နန်းပေါင်ရုံ က နောက်ဆုံးတွင် ခေါင်းလေးငုံ့ပြီး မေပယ်ပင်နောက်မှ ထွက်လာ‌လေသည်။

သူမက စုန့်ရှစ်နင် လက်ကို ညင်သာစွာဖြင့်ဆွဲကိုင်လိုက်ပြီး မေပယ်ရွက်လေးတစ်ရွက်ကို သူ့လက်ဖဝါးထဲသို့ထည့်လိုက်သည်။

ထို့နောက်တွင် သူမကမော့ပင်မကြည့်ရဲတော့ဘဲ ရှက်ရှက်နှင့်ထွက်ပြေးသွားသဖြင့် စုန့်ရှစ်နင် က လက်ထဲရှိမေပယ်ရွက်လေးကို မှင်တက်စွာကြည့်နေမိသည်။

တစ်ခဏအကြာတွင် သူကထိုမေပယ်ရွက်လေးကို ရတနာတစ်ခုအလား တင်းကျပ်စွာ ဆုပ်ကိုင်ပြီးနောက် ငိုချမိသွားလေသည်။

ခေါင်ရန်းပန်းပင်အနောက်တွင် နန်းပေါင်ကျူး က တွေဝေလျက် ‌ကလေးဆန်စွာ မေးလိုက်သည်။

"အခုကဘာဖြစ်သွားတာလဲ .. ဘာလို့ငါဘာမှနားမလည်ရတာလဲ .. မမကသူ့ကို လွမ်းတာလား မလွမ်းဘူးလား"

နန်းပေါင်ရီ ၏မျက်ခုံးများ ကွေးတက်သွားလေသည်။

'တောင်တစ်တောင် တောင်နှစ်တောင် တောင်တွေကမြင့်မားလွန်းတယ် .. ကောင်းကင်ကဝေးကွာလွန်းတယ် .. ရေတွေကအေးစက်လွန်းတယ် .. အချစ်နာကျနေတဲ့ အနီရောင်မေပယ်ရွက်လေးကတော့ ဖြေဆေးဖြစ်တယ်တဲ့ နင်ရော မမက သူ့ကိုလွမ်းနေတယ်လို့ထင်လား"

အာဃာတပြန်တမ်းWhere stories live. Discover now