part 168

2.5K 285 0
                                    

Unicode
အပိုင်း (၁၆၈)
အစ်ကို ၂ ကအရမ်းတော်တာပဲ

သူမက လူသတ်သမားဟာ နန်းပေါင်ရီပါလို့ အပြင်းအထန်ကို စွပ်စွဲပြီး အယုံသွင်း နေတော့သည်။

သို့သော်လည်း နန်းပေါင်ရီ လုပ်တာပါလို့တော့ လက်ဆုပ်လက်ကိုင် မပြနိုင်ပါချေ။

နန်းပေါင်ရီက လှပတဲ့ သာမန် မိန်းမပျိုလေး တစ်ယောက်သာဖြစ်ပြီး အာဏာရှိသူ တစ်ယောက်တော့ မဟုတ်ပါချေ။ သူမက ဘယ်လိုလုပ်ပြီး တစ်ဝမ်းကွဲ အစ်ကိုကို လှည့်ကွက် မသုံးပဲနဲ့ သတ်ပစ်နိုင်ပါ့မလဲ

ဖြစ်နိုင်တာက ……

သူမက ရှောင်းယီကို သံသယမျက်လုံးနဲ့ ကြည့်လိုက်သည်။ ရှောင်းယီက ထိုင်ခုံပေါ်မှာ ထိုင်နေပြီး လက်ဖက်ရည် သောက်နေသည့် ပုံစံက အားလပ်ချိန်မှာ အနားယူနေသည့် ပုံစံမျိုးဖြစ်သည်။

သူကူညီပေးခဲ့တာလား

မကြာခင်မှာပဲ လက်ထောက်က နန်းပေါင်ရီကို ခေါ်လာခဲ့သည်။

“ချန်းသခင်လေးက ကျွန်မကို ဆင့်ခေါ်တယ်”

သူမက မယုံနိုင်သလို မေးလိုက်သည်။ ချန်းတယ်ယွီက သူမကို ကြည့်လိုက်တဲ့အခါ သူမ၏ မျက်လုံးတွေက အံ့အားသင့်မှုနဲ့ လက်ဖြာနေတာကို တွေ့လိုက်ရသည်။

ကောင်မလေးက ကောင်းမွန်လှတဲ့ အနီရောင် ပိုးဖဲ ပန်းထိုးဝတ်စုံကို ရောင်စုံ ဘရိုကိတ်ထည်နဲ့ တွဲဖက် ဝတ်ဆင်ထားပြီး လက်မောင်းမှာ ရွှေရောင်နဲ့ တိမ်လွှာဆင် ခြယ်သထားသည်။ ပိုးပန်းဖွား အမြိတ်လေးတွေက သူမလမ်းလျှောက်တိုင်းမှာ ယိမ်းနွဲ့နေကြသည်။

သရုပ်ဆောင်တွေ၏ မျက်လုံးက အလွန်အမင်း ထက်ရှတယ်လို့ ပြောကြသည်။ သို့ပေမယ့် ထိုကဲ့သို့ ဖြစ်လာအောင် လေ့ကျင့်ဖို့က နှစ်ပေါင်းများစွာ ကြာမြင့်သေးသည်ပင်။ 

သို့သော်လည်း နန်းပေါင်ရီ၏  ညှို့ဓါတ်ပြင်းတဲ့ မျက်လုံးရွဲကြီးတွေက စိတ်၏အတွင်းနဲ့အပြင်ကို ဆွဲဆောင် နိုင်သည်။ မျက်လုံးတစ်စုံမှာ ဆောင်းရာသီ၏ နေရောင်လို ပြိုးပြိုးပြက်ပြက် လင်းလက်တဲ့ မီးပွားလေးတွေနဲ့ ပြည့်နှက်နေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now