part 158

2.3K 276 1
                                    

Unicode

အပိုင်း (၁၅၈)
နန်းကျောင်းကျောင်း၊ မင်းမျက်နှာက နီရဲနေပြီ
“နည်းနည်းပဲအေးတာပါ…”
နန်းပေါင်ရီက ရိုးရိုးသားသားဖြေလိုက်သည်။
“အစ်ကို ၂ ရဲ့ လက်မောင်းတွေထဲမှာ ရှိနေတော့ ညီမလေး မအေးတော့ပါဘူး”
အမတ်မင်းဝတ်ထားတဲ့ အနက်ရောင်မြွေပါကတိုးသားမွှေးဝတ်ရုံက အရမ်းအဖိုးတန်ပြီး ရှားပါးရတနာ တစ်ခုပင်၊ သူမကို သိမ်းထုပ်ထားတဲ့အခါ သက်တောင့်သက်သာရှိပြီး နွေးထွေးစေသည်။
တစ်ခုပဲ….
သူမက နူတ်ခမ်းကိုကိုက်ပြီး ရှောင်းယီကို မဝံ့မရဲမော့ကြည့်လိုက်သည်။
“အစ်ကို ၂၊ အစ်ကို့ရဲ့လက်ကို ဒီနေရာက ဖယ်ပေးလို့ရမလား?”
အမတ်မင်းက သူ့ရဲ့လက်နဲ့ သူမရဲ့လက်ကောက်ဝတ်ကို ငြင်သာစွာ ပွတ်သပ်ပေးနေသည်။ အဲ့ဒါက သူ့ရဲ့ထူးခြားတဲ့ တစ်စုံတစ်ယောက်လို အခွင့်အရေးပေးနေသည်ဟု သူမကို ထင်မှတ်မှားစေသည်။
ရှောင်းယီရဲ့မျက်ခုံးတွေက ပင့်တက်သွားသည်။
သူကလက်ကိုလွှတ်လိုက်ပြီး တည်ငြိမ်စွာနဲ့ “ငါကမင်းအေးနေမှာစိုးလို့”
သူကထိုသို့ပြောပြီး သူမမြင်အောင် ယွီဝေ့ကို လက်ရိပ်ပြ၍ ခေါ်လိုက်သည်။ ကောင်မလေးက ထူထူထဲထဲ ဝတ်ထားပေမယ့် လက်ထဲမှာဘာကိုမှ ကိုင်မထားပါချေ။
နန်းပေါင်ရီက အိပ်ဆောင်ထဲကို လှမ်းကြည့်လိုက်ပြီး “ညီမလေးက ကောင်းကောင်းအိပ်ပျော်နေတာ၊ ဟယ်ယဲ့က ရုတ်တရက်လာနှိုးလိုက်တယ်၊ အရှေ့ခြံက လျိုမိသားစု ကိုယ်ဝန်ပျက်ကျတယ် ဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်၊ အဲ့ဒါကို အစေခံတွေက တော်တော်ကြာမှ သိကြတယ်တဲ့၊ အစ်ကို ၂ ဒီသတင်းကိုကြားတဲ့အချိန်မှာ ညီမလေး အဲ့ဒီကလေးအတွက် ဝမ်းမနည်းဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ထူးထူးဆန်းဆန်း ပျော်တောင်ပျော်နေတယ်….အဲ့ဒီကလေး လောကကြီးထဲကို ရောက်မလာစေချင်ဘူး”
သူမက ပွင့်ပွင့်လင်းလင်းဖွင့်ဟလိုက်သည်။ ရှောင်းယီက ထိုအပေါ် မည်သို့မျှ မခံစားရချေ။ သူ့ရဲ့ခေါင်းကို ငုံ့လိုက်ပြီး သူမရဲ့စန္ဒကူးနံ့မွှေးပျံ့နေတဲ့ ဆံနွယ်တွေကို နမ်းရှိုက်လိုက်သည်။
အရမ်းမွှေးတာပဲ….
နန်းပေါင်ရီက ထပ်ပြောလိုက်သည်။
“ဖေဖေက ညီမလေးကိုပဲ တယုတယဆက်ဆံစေချင်တယ်၊ ဒါပေမယ့် အဲ့ဒါက မဖြစ်နိုင်ဘူးဆိုတာ ညီမလေးသိပါတယ်၊ ဒေါ်ဒေါ်ချန်းက အသက် သုံးဆယ်ပဲရှိသေးတယ်၊ သူသာအိမ်တော်ကိုရောက်လာရင် ဖေဖေနဲ့သူမရဲ့ကလေးကို မွေးဖွားမှာကျိန်းသေပဲ၊ အစ်ကို ၂ အဲ့ဒီအချိန်ကျရင် ညီမလေး ဘာလုပ်ရ မလဲဟင်?”
ရှောင်းယီက သူမကို ငုံ့ကြည့်လိုက်သည်။ ကောင်မလေးက ဝမ်းနည်းနေဟန်ရသည်။ သူမက သောကရောက်နေပြီး လက်ဖြူဖြူသေးသေးလေးတွေနဲ့ ဝတ်စုံစကို တင်းတင်းကြပ်ကြပ် ဆွဲဆုပ်ထား သည်။
သူက သရော်ပြုံးပြုံးလိုက်သည်။
နန်းသခင် ၃ ရဲ့အချစ်ကိုများ ဘာလို့မျှော်လင့်နေရမှာလဲ? သူချစ်တာရဲ့ အပုံတစ်သောင်းပုံ တစ်ပုံတောင်မရှိချေ။
သူကနန်းပေါင်ရီရဲ့လက်လေးကို ကိုင်လိုက်ပြီး “ငါရှိတယ်”
သူက နန်းသခင် ၃ မဟုတ်ပါချေ။ သူ့ရဲ့နှလုံးသားက သေးငယ်လှသည်။ အလွန်သေးငယ်လွန်းလို့ နန်းကျောင်းကျောင်းတစ်ယောက်တည်းသာ သူ့ရဲ့နှလုံးသားပလ္လင်မှာ စံစားနေနိုင်သည်။
ပြီးတော့သူက သဘောထားလည်းကြီးသည်။ အရမ်းသဘောထားကြီးလွန်းလို့ နန်းကျောင်းကျောင်း တစ်ယောက်တည်းကိုသာ သူ့ရဲ့အချစ်တွေအားလုံး အပ်နှင်းချင်သည်။
နှင်းထုက ပိုမိုသိပ်သည်းလာပြီး အေးမြတဲ့ တောင်လေညှင်းက တသုန်သုန်တိုက်ခတ်နေသည်။
ထက်မြက်တဲ့ အရှိန်အဝါနဲ့လူငယ်ရဲ့ အနက်ရောင် အပေါ်ဝတ်ရုံက လေမှာလွင့်နေသည်။
သူကထီးတစ်ချောင်းရဲ့အောက်မှာ ရပ်နေပြီး ကြီးမားလှတဲ့လက်ဖဝါးက ကောင်မလေးရဲ့ နူးညံ့တဲ့ လက်လေးတွေကို ဆုပ်ကိုင်ပြီး အနွေးဓါတ်တို့ ဖြန့်ကျက်ပေးနေသည်။ သူကအနည်းငယ်ယိမ်းပြီး ဩဇာအာဏာပြင်းပြီး လွှမ်းမိုးချုပ်ကိုင်လိုတဲ့ဟန်ပန်နဲ့ သူမရဲ့လက်ဖမိုးကို လေးလေးနက်နက် နမ်းရှိုက် လိုက်သည်။
နန်းပေါင်ရီက ရုတ်တရက် တောင့်တင်းသွားသည်။ နှလုံးခုန်နှုန်းက အလွန်မြန်လာပြီး လက်ဖမိုးက မီးကျီခဲလိုပူလောင်လာသည်။ ထိုအပူက သူမရဲ့နားတွေနဲ့ ရင်အုံတွေဆီသို့ပါ အလျင်အမြန် ကူးစက်သွားသည်။
ဖျားချင်သလိုခံစားချက်က တဖန်ဆိုက်ရောက်လာရပြန်သည်….
သူမကလက်ကိုအမြန်ရုတ်လိုက်ပြီး ရှောင်းယီကို သင်္ကာမကင်းတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
အမတ်မင်းရဲ့နူတ်ခမ်းတွေက ပါးလွှာပြီး ခပ်ဖျော့ဖျော့ ဆွဲငင်အားတစ်ခုရှိနေသလိုပင်။ ဇာမဏီငှက်လို မျက်လုံးတွေက အသူတရာချောက်နက်လို နက်ရှိုင်းလှသည်။ သူမသာ ထိုနေရာမှာ မွေ့လျော်မိရင် အပေါ်ကို ပြန်မတက်နိုင်လောက်ပါချေ။
သူမက ကြောက်လန့်စိတ်နဲ့ နောက်ကိုခြေနှစ်လှမ်းဆုတ်မိသွားသည်။ သူမက နမ်းရှိုက်ခံလိုက်ရတဲ့ လက်ဖမိုးကို ဖုံးကွယ်လိုက်ပြီး တစ်ခုခုက မှားနေသလို ခံစားလိုက်ရသည်။
ရှောင်းယီက ပြုံးနေပေမယ့် သူ့ရဲ့အပြုံးက အပြုံးစင်စစ် မမည်ပါချေ။ သူက သတိပေးလိုက်သည်။
“နန်းကျောင်းကျောင်း၊ မင်းမျက်နှာက နီရဲနေပြီ”
နန်းပေါင်ရီက သူမရဲ့မျက်နှာကို မြန်မြန်ကာလိုက်သည်။ နီရဲနေလား မနီရဲနေလားကို သူမမသိပေမယ့် သူမရဲ့မျက်နှာအပူချိန်ကတော့ ကိုင်လိုက်တဲ့အချိန်မှာ နေမကောင်းဖြစ်နေသလို သိသိသာသာကို ပူနေသည်။
“နားရွက်တွေလည်း အရမ်းရဲနေတယ်”
ရှောင်းယီရဲ့အပြုံးက ပိုပိုပြီးထင်းလာသည်။ နန်းပေါင်ရီက နားတွေကို အုပ်လိုက်ပြန်သည်။
တောင်လေရဲ့ တိုးသဲ့သဲ့အသံကို ကြားနေရပြီး အစေခံတွေရဲ့အသံတွေကိုလည်း သူမကြားနေရသည်။ အိပ်ခန်းဆောင်ထဲက သူမရဲ့အဖေကို နှစ်သိမ့်ပေးဖို့တောင်မေ့နေခဲ့ပြီး ရှောင်းယီကို မျက်တောင်တဖျက်ဖျက်ခတ်ပြီး ငေးနေမိသည်။
အမတ်မင်းက ရီမောလိုက်တဲ့အခါ ချောမောတင့်တယ်ခြင်းတွေက ဖြန့်ကျက်နေသလို၊ ဇာမဏီမျက်လုံး တွေက စူးစိုက်ကြည့်မိရင် သူမကိုသတ်ဖြတ်တော့မည့်အသွင်နှင့်။
သူမရဲ့နှလုံးသားက ပြင်းပြင်းထန်ထန်ခုန်လှုပ်နေသံကို သူမပြန်ကြားနေရသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့နေတဲ့ သွေးကြောတွေရဲ့ အသံကိုလည်း သူမကြားနေရသည်။
ရှောင်းယီဆီက လွတ်မြောက်ဖို့အတွက် သူမက ရုတ်တရက်လှည့်ပြီး ဆုန်းဟယ့်ခြံကို ပြန်ပြေးတော့သည်။ သူမရဲ့နှလုံးသားက ကခုန်နေသလို ရင်အုံကလည်း ထိန်းမရနိုင်အောင် ခုန်လှုပ်နေသည်။
သူမက အလွန်လျင်မြန်စွာပြေးသွားပြီး နှင်းတွေထဲကို မတော်တဆ ချော်လဲသွားသည်။ ကံကောင်းစွာပဲ နှင်းတွေက ထူထပ်နေပြီး နှင်းကိုက်တဲ့ဒဏ်ကလွဲလို့ ပြင်းပြင်းထန်ထန် ဒဏ်ရာမရပါချေ။
သူမရဲ့နောက်က ရယ်သံတိုးဖွဖွကို ကြားရတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက မီးမြှိုက်ခံရသလို ပူလောင်လာသည်။ သူမက ဆုန်းဟယ့်ခြံဆီကို ယုန်လေးတစ်ကောင်လို ခုန်ဆွခုန်ဆွ ထွက်ပြေးတော့သည်။
သူမရဲ့ပုံရိပ်လေး ပျောက်ကွယ်သွားတဲ့အထိ သူရပ်ကြည့်နေခဲ့သည်။ ရှောင်းယီက ပြုံးလိုက်ပြီး အိပ်ခန်းဆောင်ကို မပြောင်းလဲတဲ့ အကြည့်နဲ့ကြည့်လိုက်သည်။
လျိုရှောင်မုံ့ရဲ့ကလေးက သူမရဲ့ဒီလိုအသက်အရွယ်မှာ မှားယွင်းသွားတယ်ဆိုရင် နောင်အခါ သူမ ကိုယ်ဝန်ဆောင်နိုင်တော့မည်မဟုတ်ချေ။
သူက နူတ်ခမ်းတွေကို အေးစက်စွာတွန့်ကွေးလိုက်ပြီး လှည့်ထွက်သွားတော့သည်။
နှင်းတွေက ပိုမိုသိပ်သည်းလာသည်။
သူက စက္ကူထီးကိုကိုင်ရင်း ကောင်မလေးရဲ့ခြေလှမ်းတွေအတိုင်း ခြေရာထပ်အောင် လျှောက်နေသည်။ သူမရဲ့ခြေထောက်လေးက အလွန်သေးငယ်ပြီး ထိုအပေါ်မှာ သူလျှောက်လိုက်တဲ့အခါ သူမရဲ့ခြေရာလေးကို လုံးလုံး ဖုံးအုပ်သွားတော့သည်။
သူမရဲ့ခြေလှမ်းတွေကလည်း အလွန်ကိုစိတ်လှသည်….
ခြေချောင်းတိုလေးတွေက…. တကယ်ပါကွာ…..
ကောင်မလေးရဲ့ ခြေလှမ်းတိုလေးတွေနဲ့ ပြေးသွားတဲ့ပုံလေးကို မြင်ယောင်လာပြီး သူမရယ်ပဲ မနေနိုင်ပါတော့ချေ။ သူက ပျော်ရွှင်စွာနဲ့ ထိုခြေလှမ်းတွေအတိုင်း ထပ်ချပ်မကွာ လှမ်းနေသည်။
အမှောင်ထုထဲမှာတော့ ရှီးခူနဲ့ ရှီးယန်တို့က လည်ပင်းတွေကိုဆန့်ပြီး ထိုမြင်ကွင်းကို စူးစမ်းနေကြသည်။
ရှီးခူက အပတ်တကုတ်ချောင်းနေပြီး “ကောင်မလေးရဲ့ခြေလှမ်းတွေအတိုင်းလှမ်းပြီး သခင်လေး ကစားနေတာက တကယ်ပျင်းဖို့ကောင်းတာပဲ၊ တော်သေးတာက မမလေး ၅ က သခင်လေးရဲ့ ညီမလေးမို့လို့ပေါ့၊ မဟုတ်ရင် မသိတဲ့သူတွေသာမြင်ရင် သခင်လေးက သခင်မလေး ၅ ကို သဘောကျ နေတယ်လို့ ထင်ကြလိမ့်မယ်”
ရှီးယန်က မီးပုံးကိုကိုင်ထားပြီး သူ့မှာ သဲလွန်စရှိနေဟန်နဲ့ ပြုံးလိုက်ပေမယ့် ဘာတစ်ခွန်းမှ မဟပါချေ။
ကျန်းဆွေ့ဟန်က ဘယ်နေရာကထွက်လာမှန်းမသိ ချမ်းအေးလှတဲ့ ရာသီဥတုမှာ ယပ်တောင်တစ်ချောင်း ကိုကိုင်ထားပြီး အဓိပ္ပါယ်ရှိရှိပြုံးနေသည်။
“မင်းဘာသိလို့လဲ၊ ငါတို့ဇာတိမြို့ရဲ့ အယူအဆအရဆိုရင် အဲ့ဒါမျိုးကို အရူး လို့ခေါ်တယ်၊ အရမ်းရီရတာပဲ ….ဟား…”
“အရူး?”
ရှီးခူက သိချင်စိတ်ပြင်းပြလွန်းစွာနဲ့ “အဲ့ဒါဘာလဲ?”
“ရူးနေတဲ့သူလေ”
ရှီးခူက ရှောင်းယီရဲ့နောက်ကျောကိုကြည့်ရင်း ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်သည်။
“အဲ့ဒါက နည်းနည်းတော့ ရူးနှမ်းနေသလို….”
အတင်းအဖျင်းပြောရတာ ပျော်ရွှင်နေတဲ့အချိန်မှာပဲ ရှောင်းယီရဲ့အသံက ရုတ်တရက် လေထုကို ထိုးဖောက်လာသည်။
“ရှီးခူ… ကျန်းဆွေ့ဟန်”
“သခင်လေး ဘာခိုင်းမလို့လဲ?”
ရှီးခူက အလင်းရဲ့အလျင်လို ရှောင်းယီရဲ့ဘေးကို လျင်မြန်စွာရောက်လာသည်။
“နန်းကျောင်းကျောင်းရဲ့ ပြဇာတ်အသစ်က နွေဦးကျောက်စိမ်းခန်းမမှာ လပြက္ခဒိန်ရဲ့ ၂၇ ရက်နေ့မှာ ကပြလိမ့်မယ်၊ မင်း ပြဇာတ်ဆယ်ပွဲကြည့်ရမယ်”
ရှီးခူက အထွန့်မတက်ဘဲမနေနိုင်တော့ပါချေ။
“သခင်လေးက မမလေးပေါင်ရီကို မောင်နှမလို ထောက်ပံ့ပေးတာပဲ၊ သခင်လေးက တကယ့်ကို လောကကြီးမှာ အကောင်းဆုံး အစ်ကိုတစ်ယောက်ပဲ”
ရှောင်းယီက သူ့ကိုကြည့်လိုက်သည်။ သူရဲ့မျက်လုံးတွေက အေးစက်ပြီး မှေးကျဉ်းနေသည်။
ရှီးခူက အလွန်အံ့အားသင့်သွားပြီး ရှင်းမပြနိုင်တဲ့ ကြောက်လန့်စိတ်က လွှမ်းခြုံလာသည်။
ရှောင်းယီက ပြုံးလိုက်ပြီး “ဆယ်ပွဲ၊ မင်းနဲ့ဆွေ့ဟန်က အဲ့ဒီကို ထပ်ထပ်ပြီးသွားကြည့်ရမယ်၊ ပြီးတော့ အတွေ့အကြုံဆယ်ခုစီကို ပြဇာတ်ကြည့်ပြီးတဲ့အခါ တင်ပြရမယ်”
ရှီးခူနဲ့ ကျန်းဆွေ့ဟန်က ရုတ်ချည်း ထိတ်လန့်သွားသည်။
“ပြဇာတ်တစ်ခုတည်းကို ဆယ်ကြိမ်ကြည့်ရမယ်၊ ပြီးတော့ အတွေ့အကြုံကိုလည်း ဆယ်မျိုးရေးရမယ်”
ကျန်းဆွေ့ဟန်က အေးခဲသွားပြီး ထွက်ပြေးသွားတော့သည်။
“အစ်ကိုရှောင်း၊ ကျွန်တော့အသက်ကို လိုချင်နေတာလား?”
ရှီးခူကလည်း ငိုချင်နေပြီဖြစ်သည်။ သူကမဝံ့မရဲဖြင့် မေးလာသည်။
“သခင်လေးကို မေးပါရစေ၊ မိန်းကလေးပေါင်ရီရဲ့ နောက်ပြဇာတ်နာမည်က ဘာတဲ့လဲဟင်”
တကယ်လို့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုး ဆိုရင် သူက ထိုနေရာမှာတင် ပေါက်ကွဲသွားနိုင်သည်။
ရှောင်းယီက အလွန်အမင်းတည်ငြိမ်စွာနဲ့ “‘ငါက ဒီနှစ်တွေအတွင်း ကောက်ကျစ်စဉ်းလဲတဲ့ ယောက္ခမနဲ့စီးချင်းထိုးခဲ့တယ်’”
ရှီးခူ “…”
အချစ်ဇာတ်လမ်းမျိုးနဲ့ ထူးမခြားနားပါပေ။
သူမျက်နှာချိုသွေးတာ မလုံလောက်လို့များလား…?

အာဃာတပြန်တမ်းWhere stories live. Discover now