Part 189

2.6K 278 4
                                    

Unicode

အပိုင်း (၁၈၉)
ဒီအစ်ကိုက မင်းအတွက် တစ်လောကလုံးကို မွှေနှောက်ပစ်မယ်

နေဝင်ခဲ့ပြီ….

ကောင်းကင်က မည်းမှောင်လာပြီး အနက်ရောင် တိမ်တိုက်တွေကို ပြတင်း၏ အပြင်ဘက်မှာ ဖြန့်ကြက်နေတာကို တွေ့ရသည်။ နှင်းတွေကလည်း တဖွဲဖွဲ ကျဆင်းနေသည်။

ယွီဝေ့က အစေခံငယ်လေး နှစ်ယောက်ကို ဦးဆောင်ပြီး အပြာရောင် ဖန်မီးအိမ်ကို ထွန်းညှိ လိုက်သည်။ မီးအလင်းရောင်က ဖြန့်ကြက်လာသောအခါ စာကြည့်ခန်း တစ်ခုလုံးက ထိန်လင်းသွားပြီး နွေးထွေးသွားတော့သည်။

မြောက်လေက အပြင်မှာ ကျယ်ကျယ်လောင်လောင် အသံပြုပြီး တိုက်ခတ်နေသည်။

နန်းပေါင်ရီက မီးဖိုလေးကို ကိုင်ထားပြီး ရှန်းရိချောင်၏ ဘေးမှာ တွေတွေငေးငေးနဲ့ ကြည့်နေသည်။

ခဏအကြာ သူမက ရုတ်တရက် ဝတ်ရုံလက်ကို ခေါက်တင်လိုက်ပြီး လုံ့လဝီရိယရှိစွာနဲ့ သူ့အတွက် မင်သွေးပေး လိုက်သည်။

သူမက နွေးထွေးစွာ ပြောလာသည်။

“ရှန်းသခင်လေးရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းပဲ၊ ညီမ တကယ်ချီးကျူးတယ်၊ ညပိုင်းမှာ ကောင်းကင်ကို ဂရုတစိုက် လေ့လာတာလည်း တော်ပြီး ခွဲဖြာထွက်တာတွေ နက္ခတ်တာရာတွေကိုလည်း ကြည့်တတ်တယ်တဲ့၊ သခင်လေးက ဒီညီမလေးကိုကူညီပြီး ညီမတို့အိမ်တော်ရဲ့ ကံကြမ္မာကို ဖတ်ပေးလို့ ရမလား၊ ဒီမိန်းကလေးက ငွေကြေး အမြောက်အမြား ပေးပါ့မယ်”

ရှန်းရိချောင်က ငြင်းလိုက်သည်။

“ပျင်းစရာကောင်းတယ်”

နန်းပေါင်ရီက နင်သွားရသည်။ ဒီပစ္စည်းက အဆင့်အတန်းမြင့်တဲ့ မိသားစုမှာ မွေးဖွားလာပြီး သူမ၏ ဆုလာဘ်ကြီးကိုတောင် အထင်အမြင် သေးနေသည်။ သူမက သူ့ကိုထပ်ပြီး မင်သွေး မပေးတော့ပါချေ။ မီးဖိုကိုပဲ မီးပြင်းအောင် မီးထိုးနေတော့သည်။

စာရင်းစာအုပ်၏ အောက်မှာ စာရွက်တစ်ရွက် ရှိနေတာကို သူမ တွေ့လိုက်ရသည်။ ထိုစာရွက်က တစ်စွန်းတစ်စ ပေါ်နေသည့် စာသား အနည်းငယ်ကတောင် သပ်ရပ်နေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now