part45

3.8K 473 6
                                    

unicode

အပိုင်း (၄၅)

စိတ်ဆတ်သောအမတ်လောင်း

ရှောင်းယီ နေရခက်ကာ ပြန်ထိုင်လိုက်သည်။

မျက်နှာထားတင်းတင်းဖြင့် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ လေသံမာမာနှင့် ...

"ငါက မင်းအစ်ကိုပဲ နမ်းရုံလေးပဲကို ဘာမှရှောင်စရာမလိုပါဘူး"

နန်းပေါင်ရီ က မှင်တက်မိနေပြီး ခေါင်းညိတ်ပြသည်။

"သိပါတယ် .. ဝမ်းကွဲအစ်ကိုလည်း ဒီလိုပဲ ညီမလေးကိုနမ်းရတာသဘောကျတယ်"

ဝမ်းကွဲအစ်ကို ?

ရှောင်းယီ ဘဝင်မကျဖြစ်ကာ မျက်ခုံးတို့ အနည်းငယ်တွန့်သွားသည်။

ယောက်ျားလေးနှင့် မိန်းကလေးသည် အသက်၇နှစ်တွင် ခွဲနေရမည်ဖြစ်သည်။ နန်းကျောင်းကျောင်း က ထို့ထက်အသက်ကြီးနေပြီဖြစ်သော်လည်း သူ့အစ်ကိုဝမ်းကွဲက နမ်းရဲသေးတာ ခပ်ခွာခွာနေရမည်ဆိုတာကို နားမလည်ဘူးလား။

"ဪ ဟုတ်သားပဲ .. အစ်ကိုဘာလို့နောက်ကျမှ ပြန်လာတာလဲ"

နန်းပေါင်ရီ ချစ်စရာကောင်းစွာနှင့် ရှောင်းယီ အင်္ကျီလက်ကိုဆုပ်ကိုင်ပြီးမေးလေသည်။

"ညီမလေးကစောင့်နေတာ ကြာလှပြီ"

ကလေးမလေး၏ အင်္ကျီလည်အဟိုက်မှာ အနည်းငယ်ဟနေပြီး နက်မှောင်သောဆံနွယ်ရှည်ကိုလည်း ခါးအထိ ဖြန့်ချထားသည်။

‌ဖ‌ယောင်တိုင်မီးရောင်က ခန်းဆီးလိုက်ကာပေါ်တွင် အလင်းရောင်ထင်ဟပ်နေပြီး သူမ၏ သိမ်မွေ့နူးညံ့သောမျက်ခုံးများက အနည်းငယ်ပင်ပန်းနေပေါ်ပုံသော်လည်း ပို၍ပင် သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိနေသည်။

ထိုမြင်ကွင်းမှာ ဇနီးသည်က ညအချိန်တွင် ခင်ပွန်းသည်ပြန်အလာကို စောင့်နေပုံနှင့်တူသည်ဟု ရှောင်းယီ ခံစားမိရသည်။

အစောပိုင်းကပင် မပျော်မရွှင်ဖြစ်နေသည့် ရှောင်းယီ ၏ ခံစားချက်တို့ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး နန်းပေါင်ရီ ၏ နဖူးကို အသာအယာသပ်ကာ ...

"ငါ ဆုန်းဟယ့် ခြံထဲမှာ ဘွားဘွားနဲ့စကားပြောနေတာ .. သူကဒီနေ့ပျော်နေတော့ ငါတို့အတူ နည်းနည်းသောက်ခဲ့ကြသေးတယ်"

အာဃာတပြန်တမ်းWhere stories live. Discover now